ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်သော ထိုင်း ဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးနှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်သည်။
news
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက နိုဝင်ဘာ လ ၂၀ ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အပစ်မဲ့အရပ်သား ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိ သည်။
ကမ်းရိုးတန်းဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သောနယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ချောင်းသာမြို့နှင့် အနီးပတ်ဝန်း ကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၇၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်မသက်ဆိုင်သည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များကို ၎င်းတို့အနေဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ် ဆောင်ခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် မဟုတ်မမှန် ဝါဒဖြန့် သတင်းများ ထုတ်ပြန်လျက်ရှိသည်ကို တွေ့ရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြိုနယ်ရှိ စခန်းသစ်လုံခြုံရေးစခန်းအား TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက တိုက်ခိုက်လျက်ရှိပြီး တပ်မတော်မှ နယ်မြေဒေသလုံခြုံရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် လိုအပ် သော လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တပ်မတော်မှ အဆိပ်ငွေ့ ဗုံးများဖြင့် တိုက်ခိုက်လာခဲ့သည်ဟု TNLA အဖွဲ့မှ မဟုတ်မမှန် သတင်းထုတ်ပြန် ချက်တစ်ခုကို Online မီဒီယာများတွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာအနီးသို့ နိုဝင်ဘာ ၁၉ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သေဆုံးခဲ့ရကြောင်းကို လူမှုကွန်ရက် စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက် ရှိသည်ကို တွေ့ရှိရသည်။