ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်အား အကြမ်းဖက်သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းမိသားစုဝင်များအား ဖမ်းဆီး ခေါ်ဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့မှုကြောင့် မော်လမြိုင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများသည်လည်း စိုးရိမ်စိတ်များဖြင့် နီးစပ်ရာဆွေမျိုးနေအိမ်များနှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ကြသူများ များပြားလာခြင်းကြောင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် မှ နိုဝင်ဘာလ ၁၆ ရက်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်၍ တက္ကသိုလ်ရှိ ဝန်ထမ်းများ အနေဖြင့် ကျောင်းအတွင်း ပြန်လည်နေထိုင်ကြရန်နှင့် ကျောင်းပြင်ပ ပြောင်းရွှေ့နေထိုင်ခွင့် များပိတ်ပင်ခဲ့ကြောင်း Social Medial များတွင် သတင်းတု၊ သတင်းအမှားများ ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
news
MNDAA ၊ TNLA အဖွဲ့ PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီ သွင်းကုန်ကားဝန်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ - ၂၃
MNDAA၊ TNLA အဖွဲ့နှင့် PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သမားများ အနေ ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊မြို့၊ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိသည်။
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှု အရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာ ကမ်းခြေသို့ မော်တော်ယာဉ်များဖြင့် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပို့ဆောင် ပေးခဲ့သည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ ရဟန္တာ ဦးသီလဓာတ်တော်စေတီဝန်းအတွင်းရှိ ဦးသီလသာသနာ့ဗိမာန်၌ အခြေပြု၍ ဇလွန်မြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၇၃၁ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိ သည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။