မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ဇွန်လ ၁၁ ရက် ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ထုံးကြီးကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေး သားဖြန့်ဝေလျက်ရှိသည် တွေ့ရှိရသည်။
news
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အကူအညီပေးအပ်သည့် ကင်းလှည့်ရေယာဉ် ၆ စီး လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေကြောင်းရဲကွပ်ကဲမှု အဖွဲ့ခွဲမှူးရုံး (ဝါးတန်း)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ် ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mrs. Ponnamperuma Arachige Prabashini Ponnamperuma သည်ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(UAE) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abdulijaleel Mohamed AI Faheem သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
၂၀၂၄ ခုနှစ်၊ မတ်လတွင်ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ နှင့် ၂၀၂၄ ခုနှစ်၊ ဧပြီနှင့်မေလများတွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပဆောင်ရွက်ပေး ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းဖြင့် အပြီးထုတ်ပြန် ကြေညာသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ မင်းကြီးဟိုတယ်ရေကူးကန်တွင် ရေကူးနေ သည့် လူငယ် ၂၀ ကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၉ ရက်နေ့တွင် ဝင်ရောက် ဖမ်းဆီးခဲ့ပြီး စစ်မှုထမ်းဆောင်ရန် ခံဝန်လက်မှတ်ထိုးခိုင်းကြောင်းနှင့် တချို့ကို စစ်မှု ထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်၊ (၁၄၆)လမ်းရှိ မစုမွန်ကျော် ငှားရမ်းနေထိုင်သည့် နေအိမ်တိုက်ခန်းအား သတင်းအရရှာဖွေရာ ဒေသ ကာလတန်ဖိုးငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၄ဝ ကီလို သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦများ၊ လမ်း တံတားများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။






































































