news

              စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်း မေလ ၂၈ ရက်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် အဖွဲ့များနှင့် မိသားစုဝင်များ သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ပထမအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Academy ပရိဝုဏ်အတွင်း၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို နေပြည်တော် ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင် ဖွင့်လှစ်နေပြီးဖြစ်သည်။

၁။           နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လျက်ရှိရာတွင် ဝိသမသမားစီးပွားရေးလုပ်ငန်းရှင်အချို့မှာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာရှေးရှုပြီး နိုင်ငံတော်၏စီးပွားရေး၊ ငွေကြေးဈေးကွက် ကမောက်ကမ ဖြစ်စေရန်ရည်ရွယ်၍ ပြည်ပနိုင်ငံရှိ ကွန်ဒိုတိုက်ခန်းများကို ပြည်တွင်း၌ တရားမဝင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ လူမှုကွန်ရက်မီဒီယာများမှ ဆွဲဆောင်စည်းရုံး ရောင်းချခြင်း များဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည့်အတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အစည်းများမှ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ  ဇွန်လ ၂ ရက်နေ့အထိ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများ နှင့်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းသား/ ကျောင်းသူ ၆၃၉၄၅၂၈ ဦးအပ်နှံပြီးစီး ခဲ့ပြီး ကျန်ရှိသည့် ကျောင်းသားကျောင်းသူများလည်း ဆက်လက်၍ သက်ဆိုင်ရာကျောင်းများထံသို့ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

          စစ်တွေမြို့၊ ကံပြင်ရွာသစ်နှင့် ရွာဟောင်းတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက မီးရှို့ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၆၈ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။