ဖလမ်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနှင့် အဆောက်အအုံများပျက်စီးခဲ့ဟု မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိ နေပြည်တော်၊ ၂၀၂၅  မတ်  ၁၇

Monday, March 17, 2025 - 04:45

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းတိုက်ခိုက် ခဲ့မှုကြောင့် ဘုရားကျောင်းနှင့် လူနေအဆောက်အအုံများပျက်စီးခဲ့ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိမှုများ လုပ်ဆောင်လျက်ရှိနေ ကြောင်း သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါမြို့နယ်အတွင်း ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်အတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကိုဥပဒေနှင့်အညီ ပုံမှန် ဆောင်ရွက်လျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အအုံများအား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန်နှင့်အကြောက်တရားလွှမ်းမိုးစေရန်  လူနေအိမ်များကို အဝေးမှနေ၍ လက်နက်ကြီးများ၊ Drone များဖြင့်ပစ်ခတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ တရားမဝင်ပြည်ဖျက်မီဒီယာများက  အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်လိုသည့်အတွက်  သတင်းတု၊ သတင်းမှားများဖြင့် ယခုကဲ့သို့ မဟုတ်မမှန် ဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သိရသည်။