ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ TNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ဖျက်ဆီးပိတ်ဆို့ထားသည့် နေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူသွားလာမှုအဆင်ပြေစေရေးအတွက် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ နိုဝင်ဘာ ၂၀ ရက်
TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်း၊ တံတား များအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းအပါအဝင် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် လုပ်ကိုင်လျက်ရှိသည့်အပြင် ဒေသအတွင်း ကုန်စည်စီးဆင်းမှု ပျက်ပြားစေရန် အလို့ငှာ စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြု သွားလာလျက်ရှိသော လမ်းများအား ကန့်လန်ဖြတ်မြောင်းကြီးများ တူး၍ လမ်းအား ဖျက်ဆီးကာ မြေဆိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသည်။