မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန်လ ၁၂ ရက်နေ့တွင် ရှင်လှ(တောင်)ကျေးရွာ နှင့်ရှင်လှ(အလယ်)ကျေးရွာတို့ကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၂ လုံးနှင့် ဆိုင်ကယ် အစီး ၃၀ ကျော်တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမ ဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရ သည်။
news
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီတိမ်းရှောင်နေရာမှ မိမိနေရပ်သို့ပြန်လည်ရောက်ရှိလာသည့် ထီဗွာကျေးရွာမှ ဒေသခံပြည်သူ ၅၉ ဦးကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ကျေးရွာခန်းမအတွင်း၌ ဖမ်းဆီးထားသည်ဟု အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးကို ဇွန် ၁၁ ရက် နေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Center for Disease Control and Medical Training Center) ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်ရှိ အဆိုပါ ဗဟိုဌာနနှင့် သင်တန်းကျောင်း အဆောက်အဦ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်ပေးသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွားကားလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါယာဉ်မှာ ဂျိုးဖြူကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေး ရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါ မျိုးကို(ခ)မျိုးကြီး အား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်း ရဲကြီး မှာ ထွက်ပြေးတိမ်းရှောင်သ
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေးဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေး ညီလာခံ (၂၀၂၄) ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းတိုင်တပ်နယ်နှင့် တိုက်ကြီးတပ်နယ်တို့ရှိ တပ်မတော်လေ့ကျင့်ရေးကျောင်းများတွင် သင်တန်းတက်ရောက် လျက်ရှိ သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများအား သွားရောက်တွေ့ဆုံ အားပေးအမှာ စကား ပြောကြားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့်ဇနီး တက်ရောက်သည်။
ကယားပြည်နယ်အစိုးရအဖွဲ့က ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယာယီ နေရပ်စွန့်ခွာသူ ဒေသခံပြည်သူများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် ရုံးသုံးစက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကယားပြည်နယ် ခန်းမ၌ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ယာယီနေရပ်စွန့်ခွာသူ ဒေသခံ ပြည်သူများ တက်ရောက်ကြသည်။























