နှစ်(၈၀)ပြည့်တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် “သစ္စာမျိုးဆက်” ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေး သီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က တပ်မတော်နေ့ဂုဏ်ပြုစစ်ချီသီချင်းရေးစပ်သူ အကယ်ဒမီ ဂီတမှူး ဦးဝင်းကို နှင့် ဗညားရဲရင့် တို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာများပေးအပ်သည်။
ယင်းနောက် စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က “သစ္စာမျိုးဆက်” ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် သရုပ် ဆောင်များဖြစ်ကြသည့် အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ မေသဉ္ဇာဦး၊ ကျော်ဇောဟိန်း၊ အောင်ပိုင်၊ ခိုင်သဇင်ငုဝါ၊ လင်းလက်ခွန်းချို၊ ပိုင်စစ်မှူး၊ ရှင်ရဲထွဋ်၊ ကြယ်စင်လင်းထူး၊ ဇာတ်ညွှန်း အကြံပေး လှိုင်းသစ်၊ ၊ လက်ထောက် ဒါရိုက်တာ သက်သဇင်ထွဋ်၊ ဇာတ်လမ်း/ ဇာတ်ညွှန်း၊ ဒါရိုက်တာ အကယ်ဒမီ တင်အောင်စိုး (ပန်းမြို့တော်) တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း။
တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းက နှစ်(၈၀) ပြည့်တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီ သီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူပြိုင်ပွဲတွင် စစ်ချီသီချင်းနှင့် စစ်သည်တေး သီချင်းဆု ရရှိကြသည့် ဂုဏ်ပြုစစ်ချီသီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသူ မြင့်မိုရ်ဦး၊ ဒုတိယဆု ရရှိသူ အောင်ဇော်ဦး(ရဲတီးဝိုင်း)၊ တတိယဆုရရှိသူ လှိုင်ဝင်းထွန်း၊ စတုတ္ထဆုရရှိသူ ဒုအရာခံဗိုလ် သက်ဝင်းလှိုင်၊ ပဉ္စမဆုရရှိသူ ခင်ဇော်(မြဝတီ)၊ စစ်သည်တေးသီချင်းပြိုင်ပွဲတွင် ပထမဆု ရရှိသူ ထားရု၊ ဒုတိယဆုရရှိသူ မအိ(ပဲခူး)၊ တတိယဆုရရှိသူ ရွှေသင်းသူ(သဇင်)၊ စတုတ္ထဆု ရရှိသူ ကေသီ၊ ကဗျာဝါသနာရှင်အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသူ ကောင်းခြိမ့်ကျော်၊ ဒုတိယ ဆုရရှိသူ မနော သစ်(ပခုက္ကူ)၊ တတိယဆုရရှိသူ အောင်နိုင်သူ(ဇွဲကပင်)၊ စတုတ္ထဆု ရရှိသူ ခိုင်မြတ်မော် (မြဝတီ)၊ ပဉ္စမဆုရရှိသူ ဉာဏ်လင်း( တပ်ကုန်း)၊ အထူးဆု (၁)ရရှိသူ သက်နှင်းညို၊ အထူး ဆု(၂) ရရှိသူ ရဲမွန်ကျော်၊ အထူးဆု(၃) ရရှိသူ ရွှေလေးခင် တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို လည်းကောင်း။
တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းက နှစ်(၈၀) ပြည့်တပ်မတော်နေ့ဂုဏ်ပြု စစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် ကဗျာအလွတ်တန်းအဆင့် ပြိုင်ပွဲတွင် ပထမဆုရရှိသူ မြတ်ထွဏ်းနောင်၊ ဒုတိယဆုရရှိသူ ဘုန်းမောင်ဝင်း(ဖျာပုံ)၊ တတိယဆု ရရှိသူ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ စတုတ္ထဆုရရှိသူ ရေနံ့သာမောင်ကျော်ညွန့်၊ ပဉ္စမဆုရရှိသူ မနောဖြူ၊ အထူးဆု(၁) ရရှိသူ မောင်မင်းသိမ်း(သရက်)၊ အထူးဆု(၂) ရရှိသူ မျိုးစစ်သည်၊ အထူးဆု(၃) ရရှိသူ ညောင်ရွှေ-ခင်မောင်မြ၊ ဝတ္ထုတိုဝါသနာရှင်အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသူ အမောင်၊ ဒုတိယဆုရရှိသူ မုန်းမောင်မောင်၊ တတိယဆုရရှိသူ ယု(သဇင် FM)၊ စတုတ္ထဆုရရှိသူ မနောဖြူ၊ ပဉ္စမဆုရရှိသူ ရဲမွန်ကျော်၊ အထူးဆု(၁)ရရှိသူ ငြိမ်းချမ်းဖြူ၊ အထူးဆု(၂) ရရှိသူ ထက်ပိုင်ဦး(သစ္စာမြေ)၊ အထူးဆု(၃) ရရှိသူ စစ်ငြိမ်းပန်းတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကိုလည်းကောင်း။
စာမူပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်းက ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူပြိုင်ပွဲတွင် ဆုရရှိသူများဖြစ်ကြသည့် ဂုဏ်ပြု ဝတ္ထုတိုအလွတ်တန်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသူ မောင်မောင်လွင်(ရွှေဘိုသား)၊ တတိယဆု ရရှိသူ ကျော်တေဇ(ဥက္ကလာ)၊ စတုတ္ထဆုရရှိသူ ထက်ဝေအောင်(စစ်ကိုင်း)၊ ပဉ္စမဆုရရှိသူ မောင်စူးရှ(အနောက်ရိုးမ)၊ အထူးဆု(၁) ရရှိသူ မင်းလပြည့်(ဟားခါး)၊ အထူးဆု(၂) ရရှိသူ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၊ အထူးဆု(၃) ရရှိသူ စေတမန်၊ ဝတ္ထုရှည်ဝါသနာရှင် အဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသူ မြခြူးအိမ်၊ ဒုတိယဆုရရှိသူ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ တတိယဆု ရရှိသူ လူမောင်(ဝိရောဓိ)၊ စတုတ္ထဆုရရှိသူ တင်ဦး(ရန်ကင်း)၊ ပဉ္စမဆုရရှိသူ သျှင်ငြိမ်းစံ၊ အထူးဆု(၁) ရရှိသူ မောင်စိုးထွန်း၊ အထူးဆု(၂) ရရှိသူ အောင်မင်းကျော်(ပညာ)၊ အထူးဆု(၃) ရရှိသူ ခင်မျိုးမျိုးချစ်(ချင်းတောင်)၊ ဝတ္ထုရှည်အလွတ်တန်းအဆင့်ပြိုင်ပွဲတွင် ပထမဆုရရှိသူ တက္ကသိုလ်မြမဉ္ဇူ၊ ဒုတိယဆုရရှိသူ စိုးနွေ၊ တတိယဆုရရှိသူ ရဲမင်းစိုး၊ စတုတ္ထ ဆုရရှိသူ ညိမ်းညို၊ ပဉ္စမဆုရရှိသူ နေဇင်(ပေါက်ခေါင်း)၊ အထူးဆု(၁) ရရှိသူ နီသင်အောင် ကျော်မိုး၊ အထူးဆု(၂) ရရှိသူ ခန့်ပိုင်၊ အထူးဆု(၃) ရရှိသူ အမေ့သား (နတ်မောက်) တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လည်းကောင်း အသီးသီးပေးအပ်ကြသည်။
အခမ်းအနားအပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း က တက်ရောက်လာကြသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဖွဲ့ဝင်များ နှင့်အတူ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။