စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျ ဈေးအတွင်းသို့ မတ်လ ၂၅ ရက်နေ့တွင် PDF အမည်ခံအကြမ်းဖက်သမားများက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ရွှေဘိုမြို့၊ သက်သာပန်းတောင်းရပ်ကွက်ရှိ အောင်ဇေယျဈေး အတွင်းသို့ မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား များက ဥသျှစ်ကန်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၂၅၀ ခန့်အကွာမှ ရှော့တိုက်ဒုံး ၁ လုံးဖြင့် ပစ်ခတ်ခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး နှင့် ဈေးအတွင်း ဈေးရောင်းနေသည့် အမျိုးသမီး ၄ ဦးတို့ ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး အဆိုပါထိခိုက်ဒဏ်ရာရရှိသူများအား ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ မှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ ဒေသခံပြည်သူများ အေးချမ်းစွာနေထိုင်လျက်ရှိသော မြို့၊ ရွာများအတွင်း သို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bombများ၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်၊ စည်းစိမ်များ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ထိုသို့ အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဒေသခံပြည်သူလူထုမှ လုံးဝလက်ခံနိုင်ခြင်း မရှိဘဲ ပြင်းထန်စွာကန့်ကွက်ရှုံ့ချလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။