မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မာလဲနတ်တောင်ဆည်နှင့် ကျေးရွာ ၃ ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သဖြင့် အဆောက်အဦး အများ အပြား ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေခံလုံခြုံရေးတာဝန်ရှိတစ်ဦးအား ဆက်သွယ်မေးမြန်းချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ တပ်မတော် အနေဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး လုပ်ငန်းများကိုသာ ဆောင်ရွက်လျက်ရှိပြီး စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများအား ဗုံးကျဲ တိုက်ခိုက်မှုများမရှိကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန်ရေးသား ဖြန့်ဝေ နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။