နှစ်(၈၀)ပြည့်တပ်မတော်နေ့အခမ်းအနားသို့တက်ရောက်ရန်ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Aleksandr Vasilyevich FOMINကိုယ်စားလှယ်အဖွဲ့နှင့်ဘယ်လာရုစ်ကာကွယ်ရေးဝန်ကြီး Lieutenant General Viktar Gennadyevich Khreninကိုယ်စားလှယ်အဖွဲ့များမြန်မာနိုင်ငံရောက်ရှိ

Tuesday, April 15, 2025 - 13:30

နှစ်(၈၀)ပြည့်တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Aleksandr Vasilyevich FOMIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Lieutenant General Viktar Gennadyevich Khrenin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ များ မြန်မာနိုင်ငံသို့ရောက်ရှိ

နေပြည်တော်၊ ၂၀၂၅ မတ် ၂၆

၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားဒုတိယကာကွယ်ရေး ဝန်ကြီး Colonel General Aleksandr Vasilyevich FOMIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယ‌နေ့နေ့လည်ပိုင်းတွင်‌‌ နေပြည်တော်ရှိ တပ်မတော်လေဆိပ် သို့ ရောက်ရှိကြသည်။

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Aleksandr Vasilyevich FOMIN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား  နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချူပ် စိုးမင်းနှင့် တပ်မတော်အရာရှိကြီး များက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အလားတူ ဘယ်လာရုစ်သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီး Lieutenant General Viktar Gennadyevich Khrenin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နှစ်(၈၀)ပြည့် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ယနေ့ညပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။