news

            ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ “နဂါး နန်းတော်”စိန်ရွှေရတနာဆိုင်၌ ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဥမ္မာအေး(၅၂)နှစ်ပါ ဆိုင်ဝန်ထမ်း ၆ ဦးတို့ ရှိနေစဉ် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ(ရွှေအလေးချိန် ၁ ပိဿာ ၉၁ ကျပ်သားခန့်၊ စုစုပေါင်း တန်ဖိုးငွေ ၁၀,၅၀၅ သိန်းကျပ် ခန့်)နှင့် ငွေစက္ကူရောရာကျပ်သိန်း ၃၀ ခန့်တို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

           ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့် အချက်အလက်များနှင့်ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ကျင်းပသည်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ မြစ်ခြေနှင့် ကမ္မ နယ်စပ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည် ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များ၌ ဒေသခံပြည်သူ များ၏ အသက်အန္တရာယ်ကိုငဲ့ညှာ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ထိန်းသိမ်း ဆောင်ရွက်ခဲ့ရသဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည့်တပ်မတော်သားများအား  AAအကြမ်းဖက် သောင်းကျန်းသူများက ကျင်းတူးခိုင်းပြီး မြေကျင်းထဲသို့ ထည့်၍ လည်လှီးကာ သတ်ဖြတ်ခြင်း၊ အဆိုပါ လည်လှီးသတ်ဖြတ်နေသည့် Video File များကို ရိုက်ကူး၍ Online ပေါ်တွင် ဖြန့်ဝေခြင်း ပြုလုပ်လျက်ရှိသည်။ ထို့ပြင် ကျောက်တော်နယ်မြေ ၌လည်း တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ လိုက်ပါလာသော သင်္ဘောကိုလည်း ပစ်ခတ်ဖောက်ခွဲ၍ ရေနစ်နေသည့် အမျိုးသမီးများနှင့် ကလေးငယ် များကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း‌ဒေသကြီး ဘုတလင်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၂၅ ရက်နေ့မှ ၂၈ရက်နေ့အတွင်း စစ်ကြောင်းထိုးကာ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီးပြီး စစ်ဘေး ရှောင်တဲများနှင့် ဆိုင်ကယ်များကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ် ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်များ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဒီဇင်ဘာ (ပဉ္စမပတ်) စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာန ချုပ်၏ စုပေါင်းလမ်းလျှောက်ပွဲကို နယ်မြေခံစစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြ ကွင်းနှင့် တပ်နယ်အားကစားကွင်းများ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက်တပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲများကို တိုင်းစစ်ဌာနချုပ် စုပေါင်း တန်းစီကွင်းနှင့် တပ်နယ်စုပေါင်းတန်းစီကွင်းများ၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုတပ်နယ်များအလိုက် စုပေါင်းလမ်းလျှောက်ပွဲကို