တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေး အဖွဲ့ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်း ပတ်ဝန်းကျင်ကျေးရွာများနှင့်ရခိုင် ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား နိုဝင်ဘာလ ၂ ရက်မှ ၂၅ ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ယနေ့မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့၊ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ) သို့ပြန်လည်ရောက်ရှိ လာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။
news
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ် Jing Zhou နှင့် ထောက်ပံ့ရေးစစ်ရေယာဉ် Qian Dao Hu တို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ မြန်မာ-တရုတ် ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာသာအသင်းတို့မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များအနက် တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင် ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်းလက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံ တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာ သင်္ကန်းတော် ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် အရုဏ်တက်မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နှင့် တာဝန်ရှိသူများက မသိုးရွှေကြာသင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းကြသည်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူ လိုက်ပါလာသည့် တပ်မတော် မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ ဆိပ်ကမ်းသို့ ရောက်ရှိကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက်ကြသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိ သည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့မီးရထား၏ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)နှင့် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ(မြစ်ငယ်)တို့အား ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ကြည့်ရှုစစ်ဆေး
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်
ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် နိုဝင်ဘာလ(၂၅)ရက်နေ့တွင် မြန်မာ့မီးရထား၏ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ လူစီးတွဲ နှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်) တို့သို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)ပင်းပက်သံမဏိစက်ရုံ စီမံကိန်းတွင် လက်နက်ခဲယမ်းများ ထုတ်လုပ်ရန်၊ ယူရေနီယမ် ကိစ္စနှင့်လည်း ပတ်သက်ဆက်နွယ်နေပြီး လက်ရှိတွင် နမ့်တဘက်ချောင်းတစ်လျှောက် နေထိုင် သည့် ဒေသခံထောင်ပေါင်းများစွာ၏ အသက်မွေးဝမ်းကြောင်းနှင့် လယ်ယာမြေများကို ဖျက်ဆီးရန် ချိန်းခြောက်လာနေကြောင်း၊ စီမံကိန်းကြောင့် သက်လတ်ပိုင်း လူနာအများစုသည် အဆုတ်ကင်ဆာရောဂါ ခံစားနေကြရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး-PYO ထံက သိရသည်ဟု မဟုတ် မမှန်သတင်းများ တရားမဝင် ပြည်ဖျက်မီဒီယာများမှတဆင့် လူမှုကွန်ယက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိ ကြောင်းတွေ့ ရှိရသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံ တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမအကြိမ် မသိုးရွှေကြာ သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဗုဒ္ဓဥယျာဉ် တော်ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုကြသည်။