နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယနေ့ညနေပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOမှ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီဆေးဝါးများ တင်ဆောင်လာသော Moalem Aviation လေကြောင်းလိုင်းမှ Cargo Flight (ကယ်ဆယ်ရေးပစ္စည်းတင်) လေယာဉ်သည် အိန္ဒိယနိုင်ငံ ကိုးက္ကတားလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြ သည်။
အဆိုပါကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ မြန်မာနိုင်ငံရှိ မြေငလျင်ဘေးဒဏ်သင့် ဒေသများအတွက်လှူဒါန်းသော ပစ္စည်းများတွင် ကျန်းမာရေးအထောက်အကူပြုပစ္စည်း များနှင့်ဆေးဝါး(၁၄၈)ထုပ်၊ (၃၄၅၈၈)Kg ပါဝင်ပြီး ရန်ကုန်မြို့သို့ ရောက်ရှိစဉ် အတွင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နန္ဒဝင်း၊ လူမှု့ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေမှူး ဦးသန်းစိုး၊ လွှဲပြောင်းလက်ခံရေးကွပ်ကဲမှုအဖွဲ့(လေဆိပ်)မှတာဝန်ရှိသူများနှင့် ရန်ကုန်မြို့ရှိ WHO ရုံးမှ Administrative Officer ဖြစ်သူ Dr Hyon Chon Pakနှင့် တာဝန်ရှိသူများမှ ပစ္စည်းများ အား လွှဲပြောင်းလက်ခံခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့်ဆေးဝါးများရောက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ-၃
Thursday, April 3, 2025 - 14:00