နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံအစိုးရနှင့်ပြည်သူ များကငလျင်ဒဏ်သင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းသည့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာအကူအညီပစ္စည်းများနှင့် ဆေးဝါးများတင်ဆောင်လာသော Air China လေကြောင်း လိုင်းမှလေယာဉ်သည် ပေကျင်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိ သည်။
၎င်းတွင် တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများမှ မြန်မာနိုင်ငံရှိ မြေငလျင်ဒဏ်သင့် ဒေသများအတွက် လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများဖြစ်ကြသည့် စားသောက်ဖွယ်ရာများ၊ ရွက်ဖျင်မိုးကာတဲနှင့် သောက်ရေသန့်ဗူး စုစုပေါင်း(၆၆၈၀)ထုပ် (၉၀၇၈၇) kgပါဝင်ပြီး ရန်ကုန် မြို့သို့ရောက်ရှိစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူသမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ပစ္စည်းများအား လွှဲပြောင်းလက်ခံကြသည်။
ထို့နောက် ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအထူးဒေသအစိုးရက ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှတစ်ဆင့် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများအား လှူဒါန်းမည့် ဟောင်ကောင်ဒေါ်လာ ၂.၁ သန်းကျော် တန်ဖိုးရှိ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ ဆိုလာမီးအိမ်များ၊ စောင်များ၊ ဆေးဝါးများ၊ အသင့်စား အစားအစာများနှင့် ရွက်ဖျင်တဲများ ပါဝင်သည့် အရေးပေါ်ပစ္စည်းများ (စုစုပေါင်း တန်ချိန် ၂၇ တန်) တင်ဆောင်လာသော ဟောင်ကောင်လေကြောင်းလိုင်းမှ Cathay Pacific Cargo Flight သည် ဟောင်ကောင် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သိုထပ်မံရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြကြောင်း သတင်းရရှိသည်။