ပါကစ္စတန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများရောက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီ-၃

Thursday, April 3, 2025 - 14:00

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများကိုလမ်းဖွင့်ပေးထားပြီးဖြစ်ရာ ပါကစ္စ တန်နိုင်ငံမှ  My freighter LLC လေကြောင်းလိုင်းမှ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများ တင်ဆောင်လာသော လေယာဉ်သည် ဧပြီ ၂ ရက် ညပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် မိုးကာတဲ၊ စောင်၊ တာပေါ်လင်၊ water tank၊ ဆေးဝါးများ၊ (MRE)အသင့်စားအစားအစာများပါဝင်ကာစုစုပေါင်း ၃၅၄၉၇ kg ပါဝင်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ် ဗိုလ်မှူးချုပ် စောဆန်နီနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံ အမတ်ကြီး H.E. Mr. Imran Haiderနှင့် သံရုံးတာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်၍  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင်ကုန်ချ လုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပေးပြီး ငလျင်ဒဏ်သင့် ဒေသများသို့ ဖြန့်ဝေရန် နေပြည်တော်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။