UNICEF Myanmar မှ ​​ဖြန့်​ဝေမည့်ကယ်ဆယ်ရေးသုံးပစ္စည်းများရောက်ရှိ နေပြည်တော်၊ ၂၀၂၅ ဧပြီလ ၃ရက်

Thursday, April 3, 2025 - 14:00

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင် အမြန် စုံစမ်းစစ်ဆေးပြီး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့်အပြင် ပြည်ပမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် ​မြန်မာနိုင်ငံအတွင်းရှိငလျင်ဒဏ်သင့် ပြည်သူ များအတွက် UNICEF Myanmarမှ ဖြန့်ဝေမည့် ကယ်ဆယ်​​​ရေးသုံးပစ္စည်းများ ပါဝင်သော Rom Cargo Airline မှ လေယာဉ်သည် ရန်ကုန်အ​​ပြည်​ပြည်ဆိုင်ရာ​​ လေဆိပ်သို့​​ရောက်ရှိသည်။

       ၎င်းသည် မြန်မာနိုင်ငံရှိ မြေငလျင်ဒဏ်သင့်ဒေသ များ၌ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် UNICEF Myanmarမှ ​​ဖြန့်​ဝေမည့်ဆေးဝါးများ၊ လူသုံးကုန် ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ(၄၈၄)ပုံး (၇၈၇၃၆)kg တင်ဆောင်၍ UAEနိုင်ငံ၊ ဒူဘိုင်းမြို့၊ AI MAKTOWNလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာ​​ခြင်း​​ဖြစ်​ပြီး ရန်ကုန်​လေဆိပ်သို့​​ရောက်ရှိစဉ်UNICEF Myanmar မှတာဝန်ရှိသူများက ကြိုဆိုလက်ခံပြီး Air Cargo Terminal သို့သယ်ဆောင်၍ မြန်မာနိုင်ငံရှိငလျင် ဒဏ်သင့်ဒေသများသို့ ပို့ဆောင်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။