နေပြည်တော်၊ မတ် - ၃၀
အလွန်အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ခဲ့ ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန် ဆုံးဆောင်ရွက်သွားနိုင်ရေး အထူးအစည်းအဝေးတစ်ရပ်ကို ယနေ့နံနက်အစောပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဧည့်ခန်း၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က လို အပ်သည်များ လမ်းညွှန်မှာကြားသည်။
အစည်းအဝေးသို့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ တက် ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ငလျင်ဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေများ၊ နိုင်ငံ တကာမှ ထောက်ပံ့ရေးနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေး အထောက်အကူပြုအဖွဲ့များနှင့် ဆေးအဖွဲ့များ စေလွှတ်ပေးနိုင်ရေး ကမ်းလှမ်းလာခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြိုကျပျက်စီးသွားသော အဆောက်အဦများနှင့် အပျက် အစီးများအားရှင်းလင်းဖယ်ထုတ်ခြင်းအပိုင်း၊ ပြိုကျပျက်စီးနေဆဲအဆောက်အဦများအား ဘေးအန္တရာယ်မဖြစ်စေရေး စနစ်တကျရှင်းလင်းဖယ်ရှားခြင်းအပိုင်း၊ ပြန်လည်တည် ဆောက်ခြင်းအပိုင်းဟူ၍ အပိုင်း ၃ ပိုင်းဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ငလျင် ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် လမ်းတံတားများ၊ နိုင်ငံပိုင် အဆောက် အဦများ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့ အနေဖြင့် အင်တိုက်အားတိုက်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ငွေကြေး အင် အား၊ လူအင်အား၊ ယာဉ်ယန္တရားအင်အား များစွာကို သုံးစွဲဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ပုဂ္ဂလိတည်ဆောက်ရေးလုပ်ငန်းများကိုလည်း ထောက်ပံ့ပေးရန်လိုအပ်မည်ဖြစ် သဖြင့် နိုင်ငံတကာမှအကူအညီများတောင်းခံရာတွင် ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများကိုလည်း ထည့်သွင်းတောင်းခံသွားရန်လို ကြောင်း၊ အဆောက်အဦအာမခံလုပ်ငန်းများတွင် အာမခံထားရှိမှုများကိုလည်း စနစ် တကျစိစစ်၍ အာမခံငွေကြေးများရရှိရေးအတွက်လည်း ဆောင်ရွက်ပေးသွားရန်လို ကြောင်း။
နိုင်ငံတကာမှလာရောက်သည့် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက် နေရေး၊ စား ရေး အဆင်ပြေစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ဆက် သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးယခင်အခြေအနေအတိုင်း ပြန်လည်သွားလာနိုင်ရေး အတွက်လည်း ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စစ်ကိုင်း-မန္တလေးလမ်းဟောင်း ပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ)ရထားလမ်းကူးတံတား ပြိုကျပျက်စီးနေမှုအား အမြန်ဆုံး ပြန်လည်ဆယ်တင် ဆောင်ရွက်သွားရန်လိုပြီး ရေလမ်းကြောင်းအမြန်ပြန်ပွင့်အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ယင်းရထားလမ်းအပြင် အခြားငလျင်ဘေးဒဏ် ကြောင့် ယိုယွင်းမှုများဖြစ်ပေါ်ခဲ့ရသည့် ရထားလမ်းများကိုလည်း အမြန်ဆုံးပြန်လည်ပြေး ဆွဲပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လေယာဉ် ပြေးလမ်းများကိုလည်း အမြန်ဆုံးပြန်လည်ပြုပြင်ဖွင့်လှစ်ပေးသွားရန်လိုကြောင်း၊ ယိုယွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လမ်းတံတားများ လမ်းတံတားများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးတို့ ပူးပေါင်း၍ အမြန်ဆုံးပြန်လည် ကောင်းမွန်အောင် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် တန်ချိန်များစွာကို မတင်နိုင်သည့် ကရိန်းကားများကို လည်း ငလျင်ဘေးဒဏ်သင့်ဒေသများသို့ အမြန်ဆုံးစေလွှတ်ဆောင်ရွက်သွားစေရန်လို ကြောင်း။
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရမှုများကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေ ရေးနှင့် ခိုင်ခိုင်မာမာဖြစ်စေရေး စနစ်တကျတွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေး နန်းမြို့ရိုးတစ်လျှောက် ထိခိုက်ပျက်စီးမှုသည် ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ပြန် လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်ရာတွင် ရှေးမူလက်ရာမပျက်ဆောင်ရွက် သွားရန်နှင့် အုတ်ရိုးပြုပြင်မှုအား အရည်အသွေးမြင့်၊ စံချိန်မီ အုတ်များကို အသုံးပြု၍ မိုး မကျမီပြုပြင်ပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မန္တလေးမြို့တွင်းရှိ ဘုန်းတော် ကြီးကျောင်းများတွင် အဆောက်အဦနေရာအနည်းငယ်အတွင်း သံဃာတော်များ အများ အပြားသီတင်းသုံးနေထိုင်လျက်ရှိသဖြင့် သံဃာတော်များအားလုံး၏ ဆွမ်းကွမ်းနှင့် ဝေရာ ဝစ္စကိစ္စရပ်များအားလုံးအဆင်ပြေစေရေး သင့်လျော်သည့်စီမံမှုများဆောင်ရွက်ပေးသွား ရန်လိုကြောင်း။
ယခုဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများကို သင်ခန်းစာ ယူ၍ လမ်းတံတားနှင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်စံနှုန်းများကို စနစ်တကျတွက်ချက်ဆောက်လုပ်စေရေး စစ်ဆေးကြပ်မတ်ဆောင် ရွက်သွားရန်လိုကြောင်း၊ ယခုလှုပ်ခတ်ခဲ့သည့် ငလျင်ဆိုင်ရာ အချက်အလက်နှင့် ဖြစ်ပေါ် မှုများကိုလည်း စနစ်တကျ မှတ်တမ်းပြုစုထားရှိရန်နှင့် ထုတ်ပြန်မှုများ ဆောင်ရွက်ပေး သွားရန်လိုကြောင်း။
ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရာတွင်လည်း ငလျင် ဘေးဒဏ်သင့်ခဲ့ရသူများ အားလုံး၊ ရသင့်ရထိုက်သူများ အားလုံးရရှိစေရေး စနစ်တကျ စာရင်းပြုစုဆောင်ရွက်သွားရန်လိုပြီး စားရေး၊ သောက်ရေး အဆင်ပြေအောင်ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ စာရင်းများ မထပ်စေရေးနှင့် ကျန်နေခဲ့ရသူများ မရှိစေရေး မျှမျှတတဖြစ်စေရေး တာဝန်ရှိသူများအားလုံးက ကြပ်ကြပ်မတ်မတ်ဖြင့် စနစ်တကျ စာရင်းကောက်ယူပြုစုဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ပြန်လည် ထူထောင်ရေးဆိုင်ရာကိစ္စရပ်များကို များစွာဆောင်ရွက်သွားရမည်ဖြစ်ပြီး ဦးစားပေး အဆင့်အလိုက် အမြန်ဆုံးဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် မှာကြားသည်။