Wednesday, April 16, 2025 - 16:30
ပြင်းထန်သည့်ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီးတို့ရှိ ငလျင်ဒဏ်သင့်ခဲ့ရသည်။
ထိုသို့ ငလျင်ဒဏ်သင့်ခဲ့ရသည့်အတွက် ပြည်သူအချို့ သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီ နယ်မြေ တို့ရှိ ပြည်သူ့ဆေးရုံများတွင် အများအပြားတက်ရောက်ဆေးကုသမှုခံယူရလျက် ရှိကာ အရေးပေါ်သွေးလိုအပ်မှုများရှိနေသဖြင့် သွေးအလှူရှင်များအနေဖြင့် ဆေးရုံများသို့ အမြန်ဆုံးဆက်သွယ်၍ သွားရောက်လှူဒါန်းပေးနိုင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ