news

လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့်ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည် မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ရေကျဆင်းသွားသည့်နေရာများအား  သန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၁၁

 

        နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွား ဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသာရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်း ပေါင်းစပ်ညှိနှိုင်း၍ လုံးဝပြန်လည်အခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။

 

         ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၁ (MICC-1) ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက် ရောက်အမှာစကား ပြောကြားပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် ထူးချွန်ဆုရရှိကြသည့်ကျောင်းများအား ဆုများပေးအပ်ချီးမြှင့်သည်။

 

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ နိပွန်ဖောင်ဒေးရှင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Yohei SASAKAWA က ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ မအူပင်မြို့နှင့် ပုသိမ်မြို့တို့ရှိ တက္ကသိုလ်များနှင့် ခရိုင်အားကစားကွင်း အဆင့်မြှင့်တင်နိုင်မည့် အခြေအနေများ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊   ဩဂုတ် - ၉

        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည်  ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များလိုက်ပါ၍ ဧရာ ဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နှင့် မအူပင်မြို့တို့ရှိ တက္ကသိုလ်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

 

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများ၌ ဩဂုတ်လ ၅ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ကျေးရွာ၊ ရပ်ကွက်များနှင့် လယ်ယာစိုက်ခင်း များအတွင်း ရေလွှမ်းမိုးမှုများဖြစ်ပွားလျက်ရှိကြောင်းသိရှိရသည်။

 

           ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် ဩဂုတ်လ ၅ ရက်မှ ၈ ရက် အထိ မိုးသည်ထန်းစွာ ရွာသွန်းမှုကြောင့် ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်း ကျေးရွာရှိ နမ့်ပေါ့ချောင်းကျောက်စီမြေထိန်းနံရံသည် ဩဂုတ်လ ၈ ရက်နံနက် ၁၀ နာရီ ခန့်တွင် ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

           အဆိုပါမြေထိန်းနံရံ ပြိုကျပျက်စီးမှုကြောင့် ရေစီးလမ်းကြောင်းပြောင်းကာ ရေတိုက်စားမှုကြောင့် ညောင်ပင်ကွင်းကျေးရွာမှ ဦးဆုပညာ၏ နေအိမ်ခြံဝန်းရှိ ရေချိုးခန်း၊ အိမ်သာတွဲလျက် ၁ လုံး၊ ဒေါ်ခိုင်၏ နေအိမ်ခြံစည်းရိုးအုတ်တံတိုင်း အရှည် ပေ ၆၀ ခန့် ပြိုကျပျက်စီးသွားခဲ့ရသည်။

           မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဩဂုတ်လ ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ်လ ၅ ရက်မှစတင်ကာ မြေသားအိကျ၍ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ရသည်။

           ထိုသို့ မြေပြိုကျမှုများကြောင့် မိုးကုတ်မြို့နယ်ရှိ ကျပ်ပြင်ရပ်ကွက်၏ အနောက်ဘက် ပန်းမရပ်၊ ရွှံ့ပန်းရပ်ကွက်၊ ကျောက်ဆင်ကျေးရွာနှင့် ဘော်မား ကျေးရွာများ၌ လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးခြင်း၊ ကတ္တရာလမ်းများ နိမ့်ဝင်ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင် ခြင်းမရှိဘဲ လမ်းများယာယီပိတ်ထားခဲ့ရသည်။