news

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမြထွန်းဦး၊ ဦးထိန်လင်းနှင့် ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန် မြို့အတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား လ

                နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မွန်ပြည်နယ် မီးသတ် တပ်ဖွဲ့ဝင်များနှင့် သွေးအလှူရှင်များ တက်ရောက်ကြသည်။

          တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူ များကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

          အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ (၁၉)ကြိမ်မြာက် စုပေါင်းရဟန်းခံ၊ရှင်ပြု အလှူတော်မင်္ဂလာ ကို မေ ၁ ရက်တွင် ရှမ်းပြည်နယ်(မြာက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်အောင်မြင် ကျောင်းတိုက်၌ ပြုလုပ်ရာ ဇမ္ဗူအေးအေတီတပ်ဦးကျောင်းတိုက်ဆရာတော် နိုင်ငံတော် သံဃမဟာနာယက အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥတ္တမ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်‌ အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးအား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ထပ်မံဖမ်းဆီးရမိ

နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မေလ ၁ ရက်

၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မေ ၁

တပ်မတော်‌ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအားကြည့်ရှုအားပေး

နေပြည်တော်၊ ၂၀၂၆ မေ ၁

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

နေပြည်တော် ၂၀၂၆ မေ ၁ ရက်

ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကျခံရသည့်နေရာအား ပြောင်းလဲသတ်မှတ်ပေး

နေပြည်တော် ဧပြီ ၃၀

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား/သင်တန်းသူများ၊ နည်းပြ/အုပ်ချုပ်သူများ  သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ တန်ခိုးကြီးဘုရား၊ စေတီပုထိုးများသို့ သွားရောက်၍ ကဆုန်ညောင်ရေသွန်းလောင်း

နေပြည်တော်၊ ဧပြီ - ၃၀