news

အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စီးရောက်ရှိ

နေပြည်တော်၊ ၂၀၂၆ မေ ၄

                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura(F-48)နှင့် INS Sunayna(P-57)တို့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိသီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့် သင်တန်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများအလိုက် ဆက်လက်လေ့ကျင့်သင်ကြား

နေပြည်တော်၊ ၂၀၂၆ မေ ၄

ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော်၊ ၂၀၂၆ မေ ၄

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော် မေ-၄

               တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် အိန္ဒိယရေတပ် ဦးစီးချုပ်  Admiral Dinesh Kumar Tripathi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ၊  ပစ္စည်းများနှင့်  အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ၂၀၂၆ မေ ၄

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် အခြေခံသင်တန်းများနှင့် တန်းမြင့်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ နည်းပြအုပ်ချုပ်သူများ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလှိုဏ်ဂူတော်သို့ သွားရောက်လေ့လာကြည်ညို

နေပြည်တော်၊ ၂၀၂၆ မေ   ၄

                ၂၀၂၅ခုနှစ်၊ မတ်လ၂၈ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် နန်းတော်ဦး လောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ပင့်ဆောင်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ပဋိသောတဂါမိနီဓမ္မဗိမ္မာန်တော်၌ ပြုလုပ်ရာ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်တိက္ခသာရ အမှူး ပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည် ၊မိသားစုဝင်များ၊ စေတနာရှင်