news

                 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းရှိ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)၌ တက်ရောက်လျှက်ရှိသည့် သင်တန်းသား/သင်တန်းသူများ၏ သင်ခန်းစာသင်ကြားပို့ချသင်ယူနေမှုများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။

            နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် AA အဖွဲ့ နှင့် PDF  အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၃၁ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ  ဉပဒေဘောင်အတွင်းသို့  ထပ်မံဝင်ရောက်လာ ကြသည်။

အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ထိုးသတ်သည့် ယူအက်ဖ်စီ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ် ဂျိုရှုအာဗန်က ပြိုင်ဘက် ဂျပန်ကစားသမားကို အနိုင်ရရှိ

နေပြည်တော် မေ ၁၀

 အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်သည့် ယူအက်ဖ်စီ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်လုပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဂျိုရှုအာဗန် သည် ပြိုင်ဘက်ဂျပန်ကစားသမား တက်ဆူရိုတိုင်ရာကို ပဉ္စမအချီတွင် အလဲထိုး အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်၊ ပုသိမ်ကြီးနှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွဆေးပြား ဖြန့်ဖြူးရောင်းချသူများအား ငွေကျပ် ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၁ သိန်းကျော်နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၁၀

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဖွင့်လှစ်သင်ကြားလျှက်ရှိသည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁)မှ သင်တန်းသား/သင်တန်းသူများ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းသမိုင်းပြခန်းသို့လာရောက်လေ့လာ

နေပြည်တော်၊ ၂၀၂၆ မေ ၁၀

၂၀၂၆ခုနှစ်၊  အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ) နှင့် ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်းအောင်ပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၂၆ မေ ၁၀

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

နေပြည်တော်၊ ၂၀၂၆ မေ ၁၀                                                        

          တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှု များ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများ ကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

                 တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မား စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေးအဖွဲ့များက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ ဓမ္မဝိဓူအုပ်ဖိုလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတိုက်၌ အခြေပြု၍ သံဃာတော်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးသည်။

            တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော် ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အများ ပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္က သိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။