တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို့ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ ၊ ဆရာမများ သွားရောက်လေ့လာ  နေပြည်တော် ဩဂုတ် ၁၁

Thursday, August 13, 2026 - 13:45

 

နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသား လူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော် သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများ ကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန်၊ သဘာဝပတ်ဝန်းကျင် ရှုခင်း များကို ကြည့်ရှုခံစား၍စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ကျန်းမာသန်စွမ်းစွာ ပညာ သင်ကြားနိုင်စေရန်ရည်ရွယ်၍ ကျောင်းသား၊ ကျောင်းသူများအား တပ်မတော် စစ်သမိုင်း ပြတိုက်(နေပြည်တော်)သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ သည်။

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ဆရာမများသည် စိတ်အားထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်)သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံးပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာမေးမြန်းကြရာ ပြခန်းများအလိုက်တာဝန်ရှိသူများက ရှင်းလင်းဖြေကြား ပေးကြသည်။ ယင်းနောက် ပြင်ပပြကွက်များတွင်ခင်းကျင်ပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်သုံးယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများကိုပါ လေ့လာခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်းသတင်းရရှိသည်။

လေ့လာရေးသွားရောက်ခဲ့သည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ ၏ စကားသံများ ကိုလည်း ယခုကဲ့သို့ ကြားသိရပါတယ်-

ပထမဆုံး ကျွန်မတို့လေ့လာဖြစ်ခဲ့တဲ့နေရာကတော့ တပ်မတော်(လေ)ရဲ့ လေယာဉ် တွေခင်းကျင်း ပြသထားတဲ့ ပြကွက်ကိုရောက်ခဲ့ပါတယ်။ အဲဒီမှာဆိုရင် ကျွန်မတို့ကလေး တွေရဲ့ PHYSICS သင်ခဲ့ရတဲ့ သီအိုရမ်တွေကို သူတို့လက်တွေ့သိ ခဲ့ရတယ်။ လေယာဉ် တောင်ပံကို ဘာကြောင့်လေယာဉ်ရဲ့အားနဲ့ပင့်တင် သွားနိုင်တာလည်းဆိုတာကိုလည်း ပြခန်းတာဝန်ရှိတဲ့သူတွေက လိုက်လံရှင်းပြတော့ ကလေးတွေက တအားတွေ သဘောကျပြီး သူတို့မှာ စာထဲမှာပဲသိခဲ့တာကို လက်တွေ့သိခဲ့ရတော့ သူတို့ဝမ်းသာသွားကြတယ်။ လေယာဉ်တောင်ပံရဲ့ဖွဲ့စည်းတည် ဆောက်ပုံကို အပြင်မှာလက်တွေ့ မြင်ခဲ့ရတာလည်းပါတာ ပေါ့။ တပ်မတော်(ကြည်း၊ ရေ၊ လေ)ပြခန်းတွေကို လေ့လာတဲ့အခါကြတော့လည်း ကလေးတွေက တပ်မတော်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို သူတို့က စာထဲမှာပဲသင်ခဲ့ရတာ ဆိုတော့ စာတွေ့ပဲရှိခဲ့တာပေါ့။ အခုကြတော့ သူတို့တွေ လက်တွေ့လိုက်လံကြည့်ရှု့လေ့လာ ခွင့်ရခဲ့ကြတယ်။ ကလေးတွေကလည်း တပ်မတော်ရဲ့ တစ်ကယ့်ခက်ခက်ခဲခဲကြိုးပမ်းခဲ့ ရတဲ့သမိုင်းကြောင်းကို သူတို့တစ်ကယ် လက်တွေ့ခံစားပြီးနားလည်ခဲ့ရတာ ဖြစ်တဲ့ အတွက် သူတို့ကို ဒါတွေလိုက်ပြခွင့်ရတာဟာ ကျွန်မအတွက်  စိတ်ထဲမှာလေ ဝမ်းသာပီတိဖြစ်မိ ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ကလေးတွေကို အခုလို ဗဟုသု တရရှိစေတဲ့ နေရာတွေကို ရောက်ရှိအောင်စီစဉ်ပေးတဲ့ တာဝန်ရှိလူကြီးမင်း အားလုံး ကို ကျေးဇူးတင်ပါတယ်ရှင်။

ဒီနေ့မှာ ကျွန်တော်တို့ကျောင်းသား/ ကျောင်းသူတွေအနေနဲ့ တပ်မတော်စစ်သမိုင်း ပြတိုက်ကို လာရောက်ကြည့်ရှု့လေ့လာခွင့်ရတာပါ။ ပထမဆုံးအနေနဲ့ တပ်မတော် (လေ)ရဲ့ ပြင်ပ ပြကွက်တွေမှာခင်းကျင်းပြသထားတဲ့ လေယာဉ်တွေကို အသေးစိတ် လေ့လာ ကြည့်ရှု့ခွင့်ရရှိ ခဲ့ပါတယ်။ အဲဒီမှာ တပ်မတော်(လေ)က သယ်ယူပို့ဆောင်ရေး ခရီးတွေမှာရော စစ်တိုက်တဲ့ အချိန်တွေမှာရော အသုံးပြုတဲ့လေယာဉ်တွေကို အသေး စိတ်လေ့လာခွင့် ရခဲ့ပါတယ်။ ခန်းမတွေအတွင်းမှာခင်းကျင်းပြသထားတဲ့ ပြခန်းတွေကို လေ့လာတဲ့အခါမှာ လည်း တပ်မတော်ရဲ့ လွတ်လပ်ရေးသမိုင်းတစ် လျှောက်မှာ အရေးပါတဲ့အကြောင်း အရာ တွေကို အသေးစိတ်ကျွန်တော်တို့ လေ့လာသိရှိခဲ့ရတယ်။ အသုံးပြုခဲ့တဲ့လက်နက်တွေ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဝတ်အစားတွေ၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ စစ်လက်နက်ပစ္စည်း တွေကိုလည်း အသေးစိတ်ကြည့်ရှု့ လေ့လာခွင့်ရခဲ့တယ်။ မြန်မာ့လွတ်လပ်ရေးသမိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့သိ ရှိခဲ့တာက စာတွေ့ ဗဟုသုတအနေနဲ့သိရှိခဲ့တာပါ။  စစ်သမိုင်းပြတိုက်ကို လာရောက်ပြီး ကြည့်ရှု့ပြီးလက်တွေ့ လေ့လာခွင့်ရတဲ့အတွက် ကျွန်တော်တို့ ပစ္စည်းတွေကိုအသေးစိတ် မြင်တွေ့လေ့လာခွင့် ရခဲ့တယ်။ မှတ်မှတ်ရရအနေနဲ့ တပ်မတော်ရဲ့အဆင့်ဆင့်ဖြစ် ပေါ်လာပုံ၊ လွတ်လပ်ရေးရရှိပုံ အဆင့်ဆင့်ကို အသေးစိတ်ပြသထားတဲ့ ဇာတ်လမ်း၊ VIDEO CLIP တွေကိုကြည့်ရှု့ခွင့် ရခဲ့တယ်။ ကျွန်တော်တို့ကို ဒီလိုလေ့ လာခွင့်ရအောင်လို့ အဖက်ဖက်ကနေကူညီပံ့ပိုးပေးခဲ့ ကြတဲ့ တာဝန်ရှိလူကြီးမင်းများအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။