အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းများမှ သင်တန်းသားများ နေပြည်တော်ကောင်စီနယ်မြေသို့ရောက်ရှိ
နေပြည်တော်၊ ၂၀၂၆ မေ ၁၆
အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)နှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းများမှ သင်တန်းသားများ နေပြည်တော်ကောင်စီနယ်မြေသို့ရောက်ရှိ
နေပြည်တော်၊ ၂၀၂၆ မေ ၁၆
မန္တလေး-မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများတင်ဆောင်၍ သွားရောက်ပို့ဆောင်သည့် မော်တော်ယာဉ်များ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ
နေပြည်တော်၊ ၂၀၂၆ မေ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့ရှိ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
မြို့တစ်မြို့ချင်းစီအလိုက်ကောင်းအောင်ဆောင်ရွက်ခြင်းသည် နိုင်ငံကိုကောင်းအောင် တည်ဆောက်နေခြင်းပင်ဖြစ်သဖြင့် မိမိတို့မြို့ဖွံ့ဖြိုးတိုးတက်စေရေးအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားလို
နေပြည်တော်၊ မေ- ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး ၈ နှင့် ၁၀ ရှိ အဓိက လမ်းမကြီး(၅)လမ်းအား အဆင့်မြှင့်တင်ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော်၊ မေ- ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အရှေ့ဘက်ကမ်း တစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်းနှင့် တရားမ ဝင်ပြည်ပ နိုင်ငံသားများလည်း ရှိနေကြောင်း သတင်းများအရ ဌာနဆိုင်ရာ တာဝန်ရှိသူ များပါဝင်သော ပူးပေါင်းအဖွဲ့များက ရှာဖွေစစ်ဆေးမှုများကို အင်တိုက်အား တိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်း များလုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရုတ်နိုင်ငံသား ၇ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။
စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာသင်တန်းစခန်းရှိ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)မှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် မုံရွာ လေဆိပ်မှ ထွက်ခွာကြသည်။
အဆိုပါ လေ့လာရေးခရီးသွားရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အား အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်သူရ နှင့် တာဝန်ရှိသူများက လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ် ရက် ကာလအတွင်း အခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော်တည်ဆောက်ရေးတွင် လေယာဉ် ပျံသန်းမှုဆိုင်ရာ ပညာရပ်များကို နားလည်သိရှိစေရန်၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကိုယ်လက် ကြံ့ခိုင်မှုနှင့် စည်းလုံးညီညွတ်မှုရှိစေရန်တို့အတွက် ရည်ရွယ်၍ အခြေခံလေကြောင်း လူငယ် သင်တန်းအမှတ်စဉ်(၁၀)ကို ဧပြီ (၂၇)ရက်မှစတင်၍ မြိတ်မြို့ရှိ မြိတ်သင်တန်း စခန်း၌ လေကျင့်သင်ကြားပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင် ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးပြီး မိဘ အုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင် အမျိုးသား ၁၃၃ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၁၄၆ ဦးတို့သည် ဉပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား
အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ကြမည့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသည့် မျိုးဆက်သစ်များကို ဆက်လက်အားပေးမွေးထုတ်ပေးသွားကြရမည်
နေပြည်တော်၊ မေ- ၁၅
မြစ်ကြီးနားမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ခုနှစ်၊ မေ ၁၄