news

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်မြို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက် ရေး၊ စိမ်းလန်းစိုပြေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးသည်။

ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (B.E FALLS)

          မြန်မာနိုင်ငံအစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကိုအန္တရာယ်ပေးနေသည့် အွန်လိုင်း လိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသား ရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရ များနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ မိုင်းရှူး-မိုင်းစံဒေသ သံလွင်မြစ်အနီး၌ တရားမဝင် တရုတ်နိုင်ငံသား ၁၈ ဦးဖမ်းဆီးရမိမှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့်အဆောက်အအုံများ သိမ်းဆည်းရမိ

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ မေ ၁၆

 မြစ်ကြီးနားသင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းသား၊သင်တန်းသူများ နေပြည်တော်သို့ လေ့လာရေးခရီးထွက်ခွာ

နေပြည်တော် ၂၀၂၆ မေ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားသင်တန်းစခန်းရှိ အခြေခံ လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)မှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာကြသည်။

အွန်လိုင်းလိမ်လည်မှု (Telecom  Fraud)လုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး အီသီယိုးပီးယားနိုင်ငံသား သုံး ဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့

နေပြည်တော်၊ မေ ၁၆

ပုသိမ်မြို့၊ပုသိမ်သင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀) မှ သင်တန်းသား၊သင်တန်းသူများ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းသမိုင်း ပြခန်းသို့ လာရောက်လေ့လာ

နေပြည်တော်၊ ၂၀၂၆ မေ ၁၆

အခြေခံပညာ‌ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ မေ ၁၆

            တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းတော် ကြီးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ မြို့၊ ရွာ၊ ရပ်ကွက်များနှင့် အများ ပြည်သူသွားလာလျက်ရှိသည့် လမ်းများ၊ ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ တက္က သိုလ်များ၊ ဒီဂရီကောလိပ်များ၊ ဈေးများ၊ ပန်းခြံများနှင့် သောက်သုံးရေကန်များ သန့်ရှင်းသာယာလှပစေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။