နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ တပ်မတော်၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်း သား လူငယ်များအား မျိုးချစ်စိတ်ရှင်သန်ထက်မြက်လာစေရန်၊ ခေတ်အဆက်ဆက် တပ်မတော်သမိုင်းအစဉ်အလာများကို သိရှိနားလည်နိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင် လက်တွေ့ယှဉ်တွဲ လေ့လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။
ယင်းသို့ စီစဉ်ဆောင်ရွက်ပေးမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ရေဆင်း)မှ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် စိတ်အား ထက်သန်စွာဖြင့် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ လာရောက်လေ့လာ ကြသည်။
ဦးစွာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော် စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ရောက်ရှိကြပြီး မြန်မာ့တပ်မတော်သမိုင်းမှတ်တမ်း ရုပ်ရှင်ကို စိတ်ဝင်စားစွာ ကြည့်ရှုကြသည်။ ဆက်လက်၍ ပြတိုက်တာဝန်ရှိသူက ပြတိုက်၏ သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ မေးမြန်းကြသည်။ ထို့ပြင် ပြင်ပပြကွက်များတွင်ခင်းကျင်းပြသထားသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းများကိုပါ လေ့လာခဲ့ကြပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
လေ့လာရေးသွားရောက်ခဲ့သည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ များ၏ စကားသံ များကိုလည်း ယခုကဲ့သို့ ကြားသိရပါတယ်-
ကျွန်မကတော့ နေပြည်တော်၊ ဇေယျာသီရီမြို့နယ်၊ အခြေခံပညာအလယ်တန်း ကျောင်း(ရေဆင်း)မှ ဒုတိယအလယ်တန်းပြဆရာမ ဒေါ်ခင်မြတ်နိုး ဖြစ်ပါတယ်။ ကျွန်မ ကတော့ G-8 ကျောင်းသား တွေရဲ့ တာဝန်ကြီးကြပ် အရေးနဲ့ စည်းကမ်းထိန်းသိမ်းမှု အနေနဲ့ လိုက်လာတာဖြစ်ပါတယ်။ ကျွန်မရဲ့ ပထမဦးဆုံး လေ့လာရေး အတွ့အကြုံ ခရီးလည်းဖြစ်ပါတယ်။ ကလေးတွေက သမိုင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို အရင်တုန်းကဆိုရင် သင်ခန်းစာထဲမှာပဲ သင်ကြားခဲ့ရပါတယ်။ အခုဆိုရင် သင်ခန်းစာ နဲ့ပတ်သတ်ဆက်စပ်တဲ့ လက်တွေ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းတွေ တပ်မတော်ရဲ့ သမိုင်းတွေအကုန်လုံးကို ဒီစစ်သမိုင်းပြတိုက်မှာ အကုန်လုံးကို လက်တွေ့ လာရောက် ဆက်စပ်ပြီးလေ့ လာခွင့်ရတဲ့တာကြောင့် ကလေးတွေအတွက် ဗဟုသုတတွေပိုပြီးတိုးပွား စေလို့ ကျွန်မကပိုပြီး ဝမ်းသာဂုဏ်ယူမိပါတယ်။ ကျွန်မတို့ကျောင်းတွေကို တပ်မတော် စစ်သမိုင်းပြတိုက်ကို လေ့လာရေး ခရီးစဉ်တွေစီစဉ်ပေးတဲ့အတွက် တာဝန်ရှိတဲ့အကြီး အကဲ တွေကော တာဝန်ရှိတဲ့သက်ဆိုင်ရာ လူကြီးမင်းတွေအားလုံးကို အထူးပင်ကျေးဇူး တင်ရှိကြောင်းပြောကြားခြင်ပါတယ်ရှင်။
သမီးကတော့ နေပြည်တော် ဇေယျာသီရိမြို့နယ် အခြေခံပညာအလယ် တန်းကျောင်း(ရေဆင်း) G-9 မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူ မအိမြတ်ကျော်ဖြစ်ပါ တယ်ရှင်။ သမီးအရင်က ဒီနေရာကို တစ်ခါမှမလေ့လာဘူးပါဘူးရှင်။ ဒါပထမဆုံးရောက်ဖူး တာပါရှင်။ အခုလို တပ်မတော်စစ်သမိုင်းပြ တိုက်ကိုပထမဆုံးလေ့လာခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ဗဟုသုတတွေလည်း အများကြီးရပါ တယ်ရှင်။ လေယာဉ်အမျိုး အစားတွေကို အများကြီးတွေ့ရှိလေ့လာခွင့်ရပါတယ်ရှင်။ အခုလို သမီးတို့ကိုလေ့လာခွင့်ရ အောင်ဆောင်ရွက်ပေးတဲ့ ဆရာ၊ ဆရာမများအပါအဝင် တာဝန်ရှိသူများအား လုံးကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်ရှင်။




