သီပေါမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ပေါ့ချောင်းကျောက်စီမြေထိန်းနံရံ ပြိုကျပျက်စီးသဖြင့် ရေတိုက်စားမှုဖြစ်ပေါ်သည့် ကျေးရွာများအား  လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၉

Tuesday, August 11, 2026 - 08:15

 

           ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်တွင် ဩဂုတ်လ ၅ ရက်မှ ၈ ရက် အထိ မိုးသည်ထန်းစွာ ရွာသွန်းမှုကြောင့် ရွာသစ်ကျေးရွာအုပ်စု၊ ညောင်ပင်ကွင်း ကျေးရွာရှိ နမ့်ပေါ့ချောင်းကျောက်စီမြေထိန်းနံရံသည် ဩဂုတ်လ ၈ ရက်နံနက် ၁၀ နာရီ ခန့်တွင် ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

           အဆိုပါမြေထိန်းနံရံ ပြိုကျပျက်စီးမှုကြောင့် ရေစီးလမ်းကြောင်းပြောင်းကာ ရေတိုက်စားမှုကြောင့် ညောင်ပင်ကွင်းကျေးရွာမှ ဦးဆုပညာ၏ နေအိမ်ခြံဝန်းရှိ ရေချိုးခန်း၊ အိမ်သာတွဲလျက် ၁ လုံး၊ ဒေါ်ခိုင်၏ နေအိမ်ခြံစည်းရိုးအုတ်တံတိုင်း အရှည် ပေ ၆၀ ခန့် ပြိုကျပျက်စီးသွားခဲ့ရသည်။

           အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရေတိုက်စားမှုကြောင့် မြေပြိုခြင်းများမှ ကာကွယ်ရန် သဲအိတ်များစီ၍ အတားအဆီးများပြုလုပ်ခြင်း၊ လိုအပ်သောကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခြင်း၊ စက်ယန္တရားများ အသုံးပြု၍ ရေလမ်းကြောင်း လွှဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေတိုက်စားမှုကြောင့် ဒေသခံပြည်သူများ ထိခိုက် သေဆုံးဒဏ်ရာရမှုမရှိကြောင်း သတင်းရရှိသည်။