လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့်ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည် မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ရေကျဆင်းသွားသည့်နေရာများအား  သန့်ရှင်းရေးဆောင်ရွက် နေပြည်တော်၊

Thursday, August 13, 2026 - 13:30

လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့်ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည် မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေဘေးကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ ရေကျဆင်းသွားသည့်နေရာများအား  သန့်ရှင်းရေးဆောင်ရွက်

နေပြည်တော်၊ ၂၀၂၆ ဩဂုတ် ၁၁

                ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၆ခုနှစ်၊ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ၊ ငဝန်မြစ် ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့သဖြင့် ယနေ့အထိ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက် (၅)ခု၊ မြို့တွင်း လမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၁ ရွာ၊ ဟင်္သာတမြို့နယ်တွင် ကျေးရွာ ၃၇ ရွာ၊ ရေကြည်မြို့ပေါ်ရပ်ကွက် ၂ ခုနှင့်ပတ်ဝန်းကျင်ကျေးရွာ ၂၄ ရွာ၊ ငသိုင်းချောင်းမြို့ မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျုံပျော်မြို့နယ်တွင် ကျေးရွာ ၆ ရွာ၊ စုစုပေါင်း မြို့ပေါ် ရပ်ကွက် ၉ ခုနှင့်ကျေးရွာ ၁၈၈ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သည်။

                ထို့ကြောင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ရေဘေးသင့် ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ငဝန်ပန်းတာမှ ရေဝင်လမ်း ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ငဝန်ပန်းတာရေဝင်လမ်းအား (Geobags) အိတ်များ ချခြင်း၊ မျောတုတ်တန်းများ အတွင်းသဲအိတ်များဖြည့်၍ ကာကွယ်ခြင်း၊ Steel Sheet Pile ရိုက်သွင်းခြင်းလုပ်ငန်းများ အားအရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။

                ထို့ပြင် ရေပြန်လည်ကျဆင်းသွားသည့်နေရာများရှိ စာသင်ကျောင်းများ တွင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ပရဟိတအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိ သည်။ ထိုသို့ ဆောင်ရွက်နေမှုများကို သန့်ရှင်းရေးဆောင်ရွက်နေမှုများအား အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။