အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
news
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်း ချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် ယနေ့ညနေပိုင်း တွင် ဘူးသီးတောင်တပ်နယ်ရှိ နယ်မြေခံတပ် ခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေး အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူ များက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ဂန့်ကော်ကျွန်းကျေးရွာရှိ မုန်တိုင်းသင့်ပြည်သူများအား အိမ်မိုးသွပ်၊ ခေါင်အုပ်သွပ်နှင့် သွပ်မိုးသံများထောက်ပံ့လှူဒါန်း၊ ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအားကြည့်ရှုအားပေး၍ ထမင်း/ဟင်းလျာဘူးများပေးဝေလှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဂန့်ကော်ကျွန်းကျေးရွာရှိ မိုခါ(MOCHA) မုန်တိုင်းသင့်ဒေသခံပြည်သူများ၏ နေအိမ်များအတွက် ရန်ကုန်မြို့ရှိ သုဇာတာအလှူရှင် အဖွဲ့က ပေးပို့လှူဒါန်းသည့် အိမ်မိုးသွပ်၊ ခေါင်အုပ်သွပ်၊ သွပ်မိုးသံများ ပေးအပ်လှူဒါန်း ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိ သူများ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ
(Inn National League Party) နှင့် ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party) တို့အား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး
တောင်ကြီး ဇွန် ၃၀
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်များဖြစ်သော ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်သိန်းတို့နှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ်၊ မေလတွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party) နှင့် ဓနုတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party) မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေကို တွေ့ဆုံစစ်ဆေး ခဲ့ပါသည်။
နိုင်ငံ့စီးပွားမြှင်တင်ရေးအစည်းအဝေးကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား
နေပြည်တော်၊ ဇွန် - ၃၀
နိုင်ငံ့စီးပွားမြှင့်တင်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် မှု ရက်ပေါင်း ၁၁၁၁ ရက်ရှိပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ ဇွန် - ၃၀
ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏လမ်းညွှန်ချက်များဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင် နီယာ တပ်ဖွဲ့ဝင်များက နေ့ညမပြတ်ကြိုးပမ်း တည်ဆောက်ပူဇော်လျက်ရှိရာ ၂၀၂၀ ဇွန်လ ၁၄ ရက် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပခဲ့သည့်နေ့မှ ယနေ့အထိ ရက် ပေါင်း (၁၁၁၁)ရက် ၃ နှစ်နှင့် ၁၆ ရက်တိတိ ကြာမြင့်ခဲ့ပြီဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး အား စွမ်းဆောင်မှုဆိုင်ရာဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ဂုဏ်ပြုချီးမြှင့်
နေပြည်တော်၊ ဇွန် - ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာ အောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H. E. Dr. Nikolay LISTOPADOV အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အမ်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်
နေပြည်တော်၊ ဇွန် - ၃၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် အမ်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီရုံး၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။






















































































