news

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ မှော်ဘီတပ်နယ်ရှိ တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိကြီးများ၊ အမျိုးသမီး ဗိုလ်လောင်းသင်တန်းသူများနှင့် အမျိုးသမီးခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဇွန် - ၉         

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ် သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိကြီးများ၊ အမျိုးသမီး ဗိုလ်လောင်း သင်တန်းသူများနှင့် အမျိုးသမီးခြေလျင်တပ်စုမှူးသင်တန်းမှ သင်တန်းသူများအား အဆိုပါ သင်တန်းကျောင်းရှိ မြဝတီခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

             အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍ(The Role of Governors in India’s Federalism) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

                ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် အမ်းမြို့ရှိ ရွှေအမ်းတောင်ခန်းမ၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးသင့်ဒေသများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

မအူပင်မြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့်မအူပင်မြို့၊အမှတ်(၃)ရပ်ကွက်ရှိ၊ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏စိန်ဖူးတော်မြေခခဲ့ပြီးထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အမှတ်(၄)ရပ်ကွက်၊မိုးကုတ်ဝိပဿနာတရားစခန်းနှင့်အိုင်ဝိုင်းကျေးရွာအုပ်စု၊မအူပင်တက္ကသိုလ်သို့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ ဇွန် - ၈

                   ၂၀၂၃ ခုနှစ်၊ ဇွန်လ ၇ ရက် ညနေပိုင်းတွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်၊ အနောက်မြောက်ဘက်(၁၃)မိုင်ခန့်အကွာ၊ ညောင်တုန်းမြို့၏ တောင်ဘက်၊ အရှေ့တောင်ဘက်(၅)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ ရွှေဘုန်းမြင့်စေတီတော် မြတ်ကြီး ထီးတော်ယိုင်လဲ၍ စိန်ဖူးတော်မြေခခဲ့ပြီး အမှတ်(၄)ရပ်ကွက်၊ မိုးကုတ်ဝိပဿနာ တရားစခန်း အဝင်ဝရှိ မျက်နှာကျက်နှင့် ထုပ်တန်းပြိုကျရာမှ သီလရှင်(၁)ပါးနှင့် တရားအားထုတ်သူ အမျိုးသမီး(၁)ဦး သေဆုံးခဲ့သည်။ ထို့ပြင် အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ မအူပင်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ဆောင်တွင် နံရံပြိုကျ  ကွဲအက် ခြင်း၊(၃)ထပ်စာသင်ဆောင်(L)ဆောင်တွင် အဆောက်အဦ နံရံများ ကွဲအက်ခြင်း၊ ပါမောက္ခ အိမ်ယာ(၄)ခန်းတွဲ (၄)ထပ်ဆောင် (မိုးမခဆောင်)၏ ရေဆင်းမြောင်း(၂၀)ပေခန့် နိမ့်ကျမှုများ ဖြစ်ပွားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာ ချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ် တာဝန်ပေးထားပြီးဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ကပြသီဆိုဖျော်ဖြေ

နေပြည်တော်၊ ဇွန်  - ၈

                 ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းတိုက်ခတ်သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ် မှုများ ပြေပျောက် စေရန်အတွက် ယနေ့ ညနေပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တွေတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အမှတ်(၁) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက  အဆို/ အကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။