ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၏ တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကွင်းချောင်းတံတားအား ယနေ့နံနက် ပိုင်းတွင် KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက် သမားများ ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိ သည့် အရှည်(၃၀၀)ပေ၊ အကျယ်(၅၀)ပေရှိ ကွင်းချောင်းသံကူကွန်ကရစ်တံတား ကညွတ်ကွင်းဘက်ခြမ်း၌ အရှည် ၆၀ ပေခန့် ပြိုကျပျက်စီးခဲ့ရပြီး လက်ရှိတွင် မော်တော်ယာဉ်များ သွားလာ၍ မရကြောင်းနှင့် လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
အဆိုပါ တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာနမှ တာဝန် ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။