တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၄

Thursday, January 4, 2024 - 16:45

          တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားများကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီး၌ တစ်ချိန်တည်း တစ်ပြိုင်တည်း အသီးသီးကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများ၊ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသူများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            ဦးစွာ တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များ ရရှိကြသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးများနှင့် တာဝန်ရှိသူများက တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည်  တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်နှင့် လက်မှတ်များရရှိကြသူများနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း သတင်း ရရှိသည်။