news

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဇွန် ၃၀

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရသေ့တောင်မြို့တို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

နေပြည်တော်၊ ဇွန် - ၃၀

                 ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်   စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက  နေ့စဉ်ရောင်းချပေး လျက်ရှိသည်။

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် - ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ ဇွန် - ၃၀

            သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများက အလှူငွေများ လှူဒါန်းနိုင်ရေး အသိပေးကြေညာခြင်း

၁။     မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့်   မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834  နှင့်  နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ် များဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူ များအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မ​​တော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ်တစ်စီးသည် ရခိုင်ပြည်နယ်အစိုးရမှ ဆန် ၁၃၅ အိတ် ၊ စားဆီဗူး ၂၇၀၀ ဗူး ၊ကော်ဖီမစ် ၁၀ ဖာ၊ နို့မှုန့် ၄ ဖာ၊  ရေသန့် ၅၇၀ ကဒ် ၊ ငပိကြော် ၁ ဖာ ၊ ခေါက်ဆွဲခြောက် ၁၁၀ ဖာ နှင့် ဆေးဝါးပစ္စည်းမျိုးစုံ ၉၄ ဖာ စုစုပေါင်း ကုန်တန်ချိန် ၁၄.၅ တန်အား စစ်တွေမြို့၌တင်ဆောင်၍ မာန်အောင်မြို့သို့ ယနေ့ ညနေပိုင်းတွင် ထွက်ခွာသွားခဲ့ပါသည်။