ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ပြည်ထဲရေးဝန်ကြီး ဌာနမှ အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၈)ရှိ အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဝန်ကြီးများ၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဆုရအားကစားသမားများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများ၊ ဒိုင်လူကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
news
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက် ကုန်ပစ္စည်း များကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့တွင် လည်း စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဉ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများနှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့်
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်၍ အမျှအတမ်းပေးဝေမည့် အခမ်းအနားနှင့် အန္တိမဈာပနပူဇာသဘင်အတွက် အလှူငွေများဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်
နေပြည်တော်၊ ဇွန် - ၄
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပနပူဇာအဖြစ် မန္တလေးခရိုင်အတွင်းရှိ သံဃာတော်(၉၄)ပါးတို့အား ပင့်ဖိတ်၍ အမျှအတမ်းပေးဝေမည့် အခမ်းအနားနှင့် အန္တိမဈာပနပူဇာသဘင်အတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ဗန်းမော်ကျောင်းတိုက်ရှိ အေးကမ္ဘာသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ် မဟာနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဌာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာတော်(၉၄)ပါး ကြွရောက်ချီးမြင့်တော်မူကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင် များနှင့် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား လာရောက်ဖူးမြော် ကြည်ညိုကြသော ဧည့်ပရိသတ်များတက်ရောက်ကြသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ ဘူးသီးတောင်တပ်နယ် ရင်း/ဖွဲ့များရှိ မိသားစုဝင်များအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်၊ မုန်တိုင်းသင့်ပြည်သူများအား ဒံပေါက်ထမင်းဘူးများ ပေးဝေလှူဒါန်း
နေပြည်တော်၊ ဇွန် - ၄
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း တို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့တွင် ဘူးသီးတောင်တပ်နယ်ရှိ မုန်တိုင်းသင့် နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ/ စစ်သည်/ မိသားစုဝင်များအား တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကား ပြောကြားပြီး စားသောက်ဖွယ်ရာများ၊ လူသုံးကုန်ပစ္စည်းများ၊ ဒံပေါက်ထမင်းဘူး များနှင့် ထောက်ပံ့ငွေများပေးအပ်ပြီးနောက် နယ်မြေခံတပ်ရင်းများတွင် ဆောင်ရွက် ထားရှိသော မွေးမြူရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေး ငယ်များ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရန်နှင့် ပညာသင်ကြားနိုင်မှု အခွင့် အလမ်းကို ပြည့်ဝစွာရရှိနိုင်စေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး စာသင်ကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင် ကြားပေးစေလျက်ရှိ သည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း တို့သည် အဖွဲ့ဝင်များနှင့်အတူ ဇွန်လ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင် မြို့တို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၊ နယ်မြေခံရဲတပ်ဖွဲ့ခွဲများနှင့် မီးသတ်တပ်ဖွဲ့ များသို့ သွားရောက်၍ လိုက်လံကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာကဏ္ဍ အလိုက်တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေ အနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်း ပြသကြသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုးရေယာဉ်ပထမအစီးသည် ဂတ်စ်မီးဖိုအလုံး ၆၀ ပါ ၆ ဖာ၊ ဂတ်စ်ဘူး အလုံး ၆၀ ပါ၃ ဖာ၊ ကြက်ဥ ၆,၀၀၀ လုံး၊ ၁၃ မျိုးပါ စားသောက်ကုန် ၁,၃၃၉ ဖာ၊ ကြက် ၅၀ ကောင်၊ Portable Generator Set 56 kW ၂ စုံ စုစုပေါင်းကုန်တန်ချိန် ၁၁ တန်တို့အား ရေချမ်းပြင်ကမ်းထိုးရပ်၌ တင်ဆောင်၍ အငူမော်ကမ်းထိုးရပ်သို့ လည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယအစီးသည် ဆန်အိတ် ၉၉၉ အိတ် စုစုပေါင်း ကုန်တန်ချိန် ၅၀ တန်တို့အား စစ်တွေကမ်းထိုးရပ်၌ တင်ဆောင်၍ ပေါက်တော ကမ်းထိုးရပ်သို့လည်းကောင်း၊ ၅၆ မီတာ ကမ်းထိုးရေယာဉ်တစ်စီးသည် မီးစက် ၃ လုံး၊ သစ်မျိုးစုံ ၆၉၆ ချောင်း၊ ဘိလပ်မြေ ၁,၅၁၉ အိတ်၊ ဒီဇယ်ဆီ ၅ ပေပါနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး Backhole ၁ စီး စုစုပေါင်း ကုန်တန်ချိန် ၁၁၀.၉၅ တန်တို့အား စစ်တွေကမ်းထိုးရပ်နှင့် အငူမော်ကမ်းထိုးရပ်တို့၌ တင်ဆောင်၍ ရသေ့တောင်ကမ်းထိုးရပ်သို့လည်းကောင်း ယနေ့တွင် အသီးသီးပို့ဆောင်ပေးခဲ့သည်။














