news

စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ                        နိုင်ငံတော်စီမံအုပ်ချုပ်ရေ ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှုအားပေးချီးမြှင့်

နေပြည်တော်၊ ဒီဇင်ဘာ ၁၉

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်း ဖိတ်ခေါ်) အသက်(၁၈)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ယနေ့ညနေပိုင်းတွင်း နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည့်ရှု အားပေးကြပြီး ဆုများပေးအပ်ချီးမြှင့်သည်။

          NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက် သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်  ရဟန်း၊ သံဃာတော် များ၊ အစိုးရ ဝန်ထမ်းများနှင့်တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခြင်း၊   ဆက်ကြေးကောက်ခံခြင်း၊ အစိုးရယန္တရားများ ပျက်ပြားစေရန် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူ သွားလာအသုံးပြုလျက် ရှိသော လမ်း၊ တံတားများ၊ ခရီးသွားမော်တော်ယာဉ်/ ရေယာဉ်များအား မိုင်း ထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

               ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၅၃၁၉ ဦးနှင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်တို့၌ ဒေသခံပြည်သူ ၁၉၂၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် NUG CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ် မိုင်းဖြင့် အကြောင်းမဲ့ လူမဆန်စွာ မိုင်းထောင် ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ (၁၇) ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့ပါသည်။

     

          အမျိုးသားကန်တော်ကြီးဉယျာဉ်(ပြင်ဦးလွင်)၏ (၁၅)ကြိမ်မြောက် ပန်းပွဲတော်  “ Blooming Fantasy 2022” ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဉယျာဉ်၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ဥယျာဉ်သို့ လာရောက်အပန်းဖြေ ကြသည့် ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

            ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာအားကစားလ(တတိယပတ်)စုပေါင်းလမ်းလျှောက်ပွဲများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များနှင့် ကွပ်ကဲမှုအောက်တပ်နယ်အသီးသီးတို့၌ ကျင်းပပြုလုပ်ကြသည်။

NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်  ရဟန်း၊ သံဃာတော်များ၊ အစိုးရ ဝန်ထမ်းများနှင့်တိုင်းရင်းသားပြည်သူများအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊   ဆက်ကြေးကောက်ခံခြင်း၊ အစိုးရယန္တရားများ ပျက်ပြားစေရန် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူ သွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်လျက်ရှိသည်။

အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများ သယ်ဆောင် လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအား ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီး တပ်မတော်စစ်ကြောင်းများက အချိန်မီတိုက်ခိုက်၊ လက်နက်/ ခဲယမ်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၇

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် အကြမ်းဖက် လုပ်ဆောင်မှုကို ဆန့်ကျင်လိုကြသည့် ဒေသခံတောင်ပေါ် တိုင်းရင်းသား အချို့၏ လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သယ်ဆောင်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း တပ်မတော်မှ သိရှိရ၍ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးသို့ တပ်မတော်စစ်ကြောင်း များက လေကြောင်းချီစစ်ဆင်ကာ အချိန်မီ တိုက်ခိုက်၍ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား တောတွင်းပုန်းအောင်း၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ကာ အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများအား ပြန်ပေးဆွဲ၊ ဖမ်းဆီးသတ်ဖြတ်လျက်ရှိသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် NUG၊ CRPH တို့နှင့် ဆက်သွယ်၍ ပလောင် ဒေသမှတစ်ဆင့် အကြမ်းဖက်လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သယ်ဆောင်လာကြောင်းနှင့် ၎င်းအဖွဲ့များသည် နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတစ်ဝိုက် ရောက်ရှိခိုအောင်းနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံတောင်ပေါ်ကျေးရွာ တိုင်းရင်းသားအချို့၏ သတင်းပေးပို့ချက်အရ  ဒီဇင်ဘာ ၇ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများမှ လေကြောင်းချီ စစ်ဆင်လျက် ဝိုင်းပတ် ပိတ်ဆို့၍ အဆိုပါပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ တို့ထံမှ အလောင်းများနှင့် လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ပစ္စည်းအချို့အား သိမ်းဆည်းရမိခဲ့သည့်နေရာတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်အဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ရာတွင် အစောပိုင်း၌ TNLA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ပလောင်ဒေသအတွင်း ဖြစ်ပွားမှုအပေါ် နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့သော်လည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ပြည်သူအပေါ်အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် NUG၊ CRPH၊ PDF တို့နှင့်သာ သက်ဆိုင်ကြောင်း ရှင်းလင်းအသိပေးခဲ့သဖြင့် နောက်ပိုင်းတွင် TNLA အနေဖြင့် အသိပေးရှင်းလင်းမှုအပေါ် သဘောပေါက်နားလည် လက်ခံခဲ့ကြောင်း သိရှိရသည်။

အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများအား အချိန်မီ ပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည့် လက်နက်၊ ခဲယမ်းများကို ယခုကဲ့သို့ အချိန်မီ ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ရန်နှင့် ရပ်ရွာတည်ငြိမ်အေးချမ်းအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်အပ်ပါသည်။