ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၅၄ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ နတ်တော်လပြည့်ကျော် ၂ ရက်
(၂၀၂၃ ခုနှစ် ၊ ဒီဇင်ဘာလ ၂၉ ရက် )
ပြည်သူ့ပါတီ (People’s Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်းမ၊ မဟာဗန္ဓုလအိမ်ရာ၊ အမှတ် (၆၂) ၊ တိုက် (ဒီ)၊ (၉) လွှာ၊ အခန်း (၉၀၂) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ပြည်သူ့ပါတီ (People’s Party) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ပြည်သူ့ပါတီ (People’s Party) ၏ မှတ်ပုံတင်အမှတ်မှာ ( ၄၇ ) ဖြစ်ပါသည်။
( ပုံ ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်