news

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. CHHOUK Bunna အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များ၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ် ခဲ့သည့်အတွက် နိုင်ငံတော်၏တာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ တာဝန်ယူဆောင်ရွက်ခဲ့ရမှု နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေနှင့်အညီထိန်းသိမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးတို့သည် အမှတ် တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်တာဝန်ရှိသူများ တက်ရောက် ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးမှ တာဝန်ရှိ သူတို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတာ်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်   ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး တို့လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ကြည့်ရှုအားပေးစကား ပြောကြား သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံတပ်မှုးနှင့်တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ များအားလိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသနေမှု အခြေအနေ များအား မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် နှင့် အဖွဲ့ဝင်များသည် သားဖွားနှင့်မီးယပ်ဆောင်သို့ သွားရောက်၍ ကိုယ်ဝန်ဆောင် အမျိုး သမီးများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့‌ကြ သည်။

 ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဆေးရုံတွင် တာဝန်ထမ်း ဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက်ချီးမြှင့်ငွေများ ကိုပေးအပ်ရာ ဆေးရုံတပ်မှုးက လက်ခံရယူသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံ အတွင်း ဓာတ်ရောင်ခြည် နှင့် ကင်ဆာရောဂါကုသဆောင် တည်ဆောက်နေမှုအား သွားရောက် ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်းသတင်းရရှိသည်။

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား နှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ -၁၂

                တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သ စိုးဝင်း တက်ရောက် မိန့်ခွန်း ပြောကြားသည်။

                အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊  ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်နည်းပညာတက္ကသိုလ်၊ စာပေဌာန နှင့်လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ဆရာမများ၊ ဖိတ်ကြား ထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။

                ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သ စိုးဝင်း က   ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီးနောက် အလံတော် အဖွဲ့နှင့် ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲများအား စစ်ဆေးသည်။ ၎င်းနောက် ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြ သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သစိုးဝင်း က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄)သင်တန်းမှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၁၃၈  ဗိုလ်လောင်း ရဲလင်းထွဋ်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ်  ၈၁၇၃၊ ဗိုလ်လောင်း ဟိန်းသူအောင်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၈၀၉၈၊ ဗိုလ်လောင်း နိုင်နိုင်ဟန်ထွန်း တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။         

           ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သ စိုးဝင်း က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် ယနေ့သည် တပ်မတော်နည်း ပညာတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်းသည့် နေ့ဖြစ်ပြီး တပ်မတော်၏ အင်ဂျင်နီယာအခန်းကဏ္ဍအတွက် အားသစ်လောင်းသည့် နေ့တစ်နေ့ဖြစ် သကဲ့သို့ ရဲဘော်တို့အတွက်လည်း ဂုဏ်ယူဖွယ်ရာ မင်္ဂလာရှိသည့်နေ့ တစ်နေ့လည်း ဖြစ်ကြောင်း၊  ဂုဏ်ယူဖွယ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်(ကိုယ်စား) မှာကြားစရာရှိသည်များကို မှာကြားသွားမှာဖြစ်ကြောင်း။ သင်တန်းကာလ ၆ နှစ်အတွင်း သက်ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ် များအလိုက် စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးခြင်း၊  ခြေလျင်တပ်စုမှူးအဆင့် တတ်ကျွမ်းရမည့် စစ်ပညာတွေများကိုလည်း စနစ်တကျသင်ကြား လေ့ကျင့်ပေးခဲ့ပြီး ဖြစ်ကြောင်း၊  “ တပ်မတော်(ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သောအရည်အချင်းနှင့် ပြည့်စုံသည့် အင်ဂျင်နီယာဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့ရ အရာရှိများမွေးထုတ်ပေးရန်” ဆိုသည့် တပ်မတော်နည်းပညာတက္ကသိုလ်၏ ရည်ရွယ် ချက်နှင့်အညီ မွေးထုတ်ပေးလိုက်သည့် ရဲဘော်တို့သည် တပ်မတော်က ယုံကြည် အားထား ရသည့် အင်ဂျင်နီယာဘွဲ့ရ အရာရှိငယ်များ အဖြစ်သာမက နိုင်ငံတော် ကာကွယ်ရေးတာဝန်များ ကိုပါ စွမ်းစွမ်းတမံထမ်းဆောင် သွားကြရမှာဖြစ်သည့် အတွက်လက်တွေ့နယ်ပယ်မှာ လိုက်နာ လုပ်ဆောင်ရမည့် အချက်များကို အလေး အနက်ထား မှာကြားလိုကြောင်း။    

                   အင်ဂျင်နီယာတပ်ဖွဲ့သည် တပ်မတော်၏ အားထားရသည့် လက်ရုံး ဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ် ခေတ်အဆက်ဆက် တပ်မတော်(ကြည်း၊ရေ၊လေ) တပ်ရင်း /တပ်ဖွဲ့များအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ကဏ္ဍများတွင် စွမ်းစွမ်းတမံ ကူညီပံ့ပိုး လုပ်ဆောင် ပေးခဲ့ သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်ကြောင်း၊ အင်ဂျင်နီယာတပ်ဖွဲ့သည် ရွေ့လျားသွားလာနိုင်စွမ်း ရှိရန် (To  Move)၊ တိုက်ခိုက်နိုင်စွမ်းရှိရန် (To Fight)၊ နေထိုင်နိုင်စွမ်း ရှိရန် (To Live) ဆိုသည့် အဓိကတာဝန် ၃ ရပ်ကို စစ်ဆင်ရေး ကာလများအတွင်း စစ်မြေပြင်တွင် ရဲဝံ့စွန့်စားစွာ ထမ်းဆောင်နိုင်ခဲ့ရုံသာမက နိုင်ငံတော်နှင့် တပ်မတော်၏ ဘက်စုံတည် ဆောက်ရေးကဏ္ဍများတွင်လည်း အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အကူအညီပေးခြင်း၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော် ပေးခြင်းနှင့် ပြည်သူလူထုအား လူသားချင်းစာနာ ထောက်ကူမှုနှင့် သဘာဝဘေးဒုက္ခ ကယ်ဆယ်ရေး (Humanitarian Assistance And Disaster Relief - HADR) လုပ်ငန်းတွေကို ထိရောက်စွာဆောင်ရွက် ပေးနိုင်ခဲ့သည့်သမိုင်းအစဉ်အလာ ကောင်းမွန်သော လက်ရုံးတပ်ဖွဲ့ တစ်ခုလည်း ဖြစ်ကြောင်း။

          နိုင်ငံ၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို အဓိကထမ်းဆောင်နေရသည့် တပ်မတော်တွင် အင်ဂျင်နီယာတပ်ဖွဲ့နှင့် အကူလက်ရုံးတပ်များသည် ခြေလျင် တပ်များနှင့်အတူ ဟန်ချက်ညီညီနှင့် ပေါင်းစပ်ညှိနှိုင်းတိုက်ပွဲဝင်ခဲ့ပြီး သမိုင်းဝင် အောင်မြင်မှုများ များစွာရရှိခဲ့ကြောင်း။ ထို့အပြင် အင်ဂျင်နီယာ အရာရှိ/ စစ်သည်များ အနေနှင့် တပ်မတော်(ရေ) အတွက် လိုအပ်သည့် ခေတ်မီစစ်ရေယာဉ်များ တည် ဆောက်ပေးခြင်း၊ တပ်မတော်(လေ)အတွက် လိုအပ်သည့် လေယာဉ်များ အဆင့်မြှင့် တင်ပေးခြင်း၊ ပြုပြင် ထိန်းသိမ်းပေးခြင်းနှင့်ထုတ်လုပ်ခြင်း၊ စစ်လက်နက်ပစ္စည်းများ နှင့်ခဲယမ်းများ၊ ယာဉ်ယန္တရားများ ဆန်းသစ်တီထွင်ထုတ်လုပ်ပေးခြင်းများ လုပ်ဆောင် ပေးနေသလို နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင်လည်း ဆည်/မြောင်း၊ လမ်း/တံတားများ၊ အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းတို့ကို မိမိတို့တတ်စွမ်းသည့်ပညာရပ်ဖြင့် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း။

          ယနေ့ခေတ်သည် ပညာခေတ်(Knowledge Age) ဖြစ်တာနှင့့်အညီ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ ပညာသည်သာ၊ အခရာ ” ဖြစ်တည်လျက် ရှိကြောင်း၊  ဖွံဖြိုးတိုးတက်ရန် ရုန်းကန်နေရသည့် မိမိတို့နိုင်ငံအနေနှင့် ပညာကို အခြေပြုပြီး နိုင်ငံတော်တည်ဆောက်ရေး (State Building)နှင့် တိုင်းပြည်တည်ဆောက် ရေး(Nation Building)တို့ကို အခြေခံကျကျ ဆောင်ရွက်နိုင်မှသာလျှင် ခေတ်နှင့်အညီ နိုင်ငံတကာနှင့် လျင်မြန်စွာရင်ပေါင်တန်းလျှောက်လှမ်းနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတကာတင်လည်း ပညာရေးစနစ်သစ်အဖြစ် STEM လို့ခေါ်သည့် Science၊ Technology၊ Engineering နှင့် Mathematics များကို အခြေခံပညာ ရေးမှအစပြုပြီး အင်ဂျင်နီယာ ပညာနှင့် အင်ဂျင်နီယာဆိုင်ရာ အတွေးအခေါ် အယူအဆ များ ထည့်သွင်းသင်ကြားလာခဲ့ကြသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ဘာသာရပ်တစ်ခုချင်းစီအလိုက် သင်ကြားမှုအစီအစဉ် (Teaching Plan)များ ရေးဆွဲ ချမှတ်ပြီး သင်ကြားလေ့ကျင့်ပေးခဲ့တာဖြစ်ကြောင်း။

          အင်ဂျင်နီယာပညာရေးစနစ်သည် လူမှုစီးပွား ဘဝတွေ ပြောင်းလဲတိုးတက်လာမှု အပေါ်မူတည်ပြီး လိုအပ်ချက်များ ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန် အတွက် လိုက်ပါ ပြောင်လဲလျက်ရှိကြောင်း၊  ယခင်က သိပ္ပံသီအိုရီများနှင့် ပေါင်းစပ်သင်ကြား သည့် စနစ်မှ တီထွင်ဖန်တီးနိုင်မှု၊ တွေးခေါ်မြော်မြင်နိုင်မှု၊ အမှန်တကယ်တတ်မြောက် မှု၊ ဦးစားပေးမှုဆိုသည့်အချက်များ အပေါ်အခြေခံသည့် မျက်မှောက်ခေတ် အင်ဂျင်နီယာ ပညာရေး စနစ်ကို ကူးပြောင်းတိုးတက်လာကြသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ယနေ့ စတုတ္ထ စက်မှု တော်လှန်ရေး (Industry 4.0) ခေတ်တွင်ဉာဏ်ရည်တု နည်းပညာ(Artificial Intelligence - AI) အခြေပြုလုပ်ငန်းများကြောင့် နည်းပညာ နယ်ပယ်၊ ပညာရေးနယ်ပယ်တို့တွင် စိန်ခေါ်မှုများစွာ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ထို့ကြောင့် Industry 4.0 ကို အထောက်အပံ့ပေးနိုင်မည့် ပညာရေးစနစ်ဖြစ်သည့် Education 4.0 ကို အကောင် အထည်ဖော်ရန်လိုအပ်လာသည်ကို တွေ့ရှိရမှာဖြစ် ကြောင်း။

          အင်ဂျင်နီယာပညာရေးတင် အခြေခံအားဖြင့် သင်္ချာနှင့့် သိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့်အမိနည်းပညာ တက္ကသိုလ်ကြီးက အဆိုပါပညာရပ်များနှင့်ပတ်သက်ပြီး လက်တွေ့ကျကျ အသုံးချနိုင်မှု စွမ်းရည်ရှိအောင်၊ အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ရှုပ်ထွေးသည့် ပြဿနာရပ်များ ဖြေရှင်းနိုင်မှုစွမ်းရည် (Complex Problem Solving) ရှိအောင်၊ ဒီဇိုင်း ပြုလုပ် တီထွင်ဖန်တီးနိုင်မှု စွမ်းရည်များသာမက လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်များ ပြည့်ဝ အောင် သင်ကြားလေ့ကျင့်ပေးခဲ့တာဖြစ်ကြောင်း။

          နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့နှင့် ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်နိုင် ရန်အတွက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် နည်းပညာရပ်များ ကို ခေတ်နှင့်အညီ အမီလိုက်ပြီး အသုံးချနိုင်စွမ်းရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက် ရေးသည် အရေး ပါသည့် အခြေခံအကြောင်းတရားပဲဖြစ်ကြောင်း၊  တပ်မတော်ကို ခေတ်မီ တပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်ရာတွင် အင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်မှုများပြည့်ဝအောင် သင်ကြားလေ့ကျင့် ပေးထား သည့် တပ်မတော်သားများသည် စစ်ဘက်အင်ဂျင်နီယာ လူ့စွမ်းအားအရင်း အမြစ်များဖြစ်သကဲ့သို့ နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း အကောင် အထည် ဖော်ဆောင်ရာတွင်လည်း လိုသလိုကူညီပေးနိုင်မည့်  လူ့စွမ်းအား အရင်းအမြစ်များဖြစ်နေရန်လည်း လိုအပ်မှာဖြစ်ကြောင်း၊ တပ်မတော်၏ ရည်မှန်းချက်ပန်းတိုင်များ ပြီးမြောက်အောင်မြင်စေရန် အတွက် စစ်ဘက်အင်ဂျင်နီယာ လူ့စွမ်းအားအရင်းအမြစ်များ နှစ်စဉ်မွေးထုတ်ပြီး မှန်ကန်စွာစီမံခန့်ခွဲ တာဝန်ပေး အပ်သွားရမှာဖြစ်ကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာပညာရေး ဆိုင်ရာ မဟာဗျူဟာ မြောက်စီမံကိန်း(Strategic Plan) များ ရေးဆွဲချမှတ် အကောင်အထည်ဖော်ခြင်း၊ မိမိနိုင်ငံ၊ မိမိတပ်မတော် အတွက် များစွာအားကိုး အားထားပြုနိုင်သည့်  အင်ဂျင်နီယာများ မွေးထုတ်ပေးနိုင်ရေးအတွက်  အရည်အသွေး အာမခံမှု(Quality Assurance) ရှိအောင် လုပ်ဆောင်နေခြင်းများသည် တစ်နည်းအားဖြင့် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေး နေခြင်း ပင်ဖြစ်ကြောင်း။

တပ်မတော်သည် နိုင်ငံနှင့်လူမျိုး၊ အမျိုးသား အကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည့်အတွက် ကာကွယ်ရေး စွမ်းအား (Defence Capability) တည်ဆောက်ခြင်းနှင့် ကာကွယ်ရေး  ကဏ္ဍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း (Defence  Modernization) တို့ကို ဖော်ဆောင်ပြီး သမားရိုးကျစစ်ပွဲများကို ဆင်နွှဲနိုင်စွမ်းရှိသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ်တည်ဆောက်လျက်ရှိကြောင်း၊ ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်ရာတွင် အဓိကကျသည့် ခေတ်မီစစ်အသုံးအဆောင်ပစ္စည်းများ၊ လူ့စွမ်းအား အရင်းအမြစ်များနှင့် ကျွမ်းကျင်မှုစသည့် ကဏ္ဍသုံးရပ်ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရမှာဖြစ်သလို တိုးတက်ပြောင်းလဲနေသည့် စစ်ပွဲဆိုင်ရာအယူအဆများ၊ ပုံသဏ္ဌာန်များ၊  စစ်လက်နက် အသစ်အဆန်းများနှင့် စစ်ဘက်ဆိုင်ရာနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း မျက်ခြည်အပြတ် မခံဘဲ လေ့လာနေရန်၊  ရသည့် အချိန်တိုင်းတွင် စာများများ ဖတ်နိုင်ကြရန် တစ်နည်းအားဖြင့် ပညာ၊ ဗဟုသုတ ဝမ်းစာ ပြည့်နေရန်လိုအပ်ကြောင်း။

          ခေတ်မီတပ်မတော်တစ်ရပ်တွင်ရှိရမည့် ခေတ်မီလက်နက်နှင့် စစ်အသုံးအဆောင် ပစ္စည်းယန္တရားများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ခြင်းသည် တိုက်စွမ်းရည်၊ တိုက်စွမ်းအားမြင့်မားသည့် တပ်မတော်ဖြစ်စေရေးအတွက် အခြေခံကျသည့် အချက်ပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအများစုအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးအတွက် ကာကွယ်ရေးကဏ္ဍကို နှစ်စဉ်ဘတ်ဂျက်များ တိုးမြှင့်သတ်မှတ်ပြီး ရေတို၊ ရေရှည် စီမံကိန်းများ ချမှတ်ကာ စစ်မှုသိပ္ပံနှင့်ဘက်စုံနည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက် အောင် ကြိုးစားလုပ်ဆောင်နေကြသည်ကိုတွေ့ရမှာဖြစ်ကြောင်း။

          နယ်ပယ်ကဏ္ဍအသီးသီးတွင် နည်းပညာဆိုင်ရာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာမှုနှင့် အတူ သတင်းအချက်အလက်များ လွယ်ကူမြန်ဆန်စွာ စီးဆင်းမှုကြောင့် အခြားသော စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကိုလည်း ကမ္ဘာ့နိုင်ငံအသီးသီးက ရင်ဆိုင်ဖြေရှင်းနေကြရကြောင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံများအနေနဲ့ နည်းပညာမဖွံ့ဖြိုးသည့် နိုင်ငံများအပေါ် အနိုင်ကျင့်လွှမ်းမိုး ခြယ်လှယ်မှု များကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နည်းပညာအခြေပြုခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက် ရေးကို အပြိုင်အဆိုင် ကြိုးပမ်းလုပ်ဆောင်နေကြသည်ကို လေ့လာတွေ့ ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေနှင့်လည်း ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်အောင် စစ်မှုသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်အလေးထား အကောင်အထည်ဖော် ဆောင်ရွက်နေတာပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့် နေရာတွင် မိမိတို့ တတ်ကျွမ်းသည့် အင်ဂျင်နီယာပညာရပ်နှင့် ကျရာအခန်းကဏ္ဍများ တွင် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက် သွားကြရန် မှာကြားလိုကြောင်း။

မျက်မှောက်ခေတ်ကာလတွင် ကမ္ဘာ့အင်အားကြီး နိုင်ငံအချို့သည် နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်းဖြစ်သည့် စစ်ရေးနည်းလမ်းတစ်ခုတည်းနှင့် ကိုယ်တိုင် ကိုယ်ကျ နေရာအရောက် ကျူးကျော်သိမ်းပိုက် တိုက်ခိုက်ခြင်းမျိုးမဟုတ်တော့ဘဲ သမားရိုးကျ မဟုတ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေးနည်းလမ်းစသည့် Multi Dimensional Warfare အသွင်ဖြင့် နည်းလမ်းမျိုးစုံ အသုံးပြုပြီး လွှမ်းမိုးချုပ်ကိုင်ရန် ကြားခံ Proxy များထားပြီး လုပ်ဆောင်လာတာကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့် ခေတ်သစ်စစ်ပွဲများ အောင်မြင်စွာဆင်နွှဲနိုင်ရန်အတွက် သတင်းနှင့်ဆက်သွယ်ရေးနည်းပညာတွေ၊ အီလက် ထရောနစ်နည်းပညာများ၊ စက်မှုနည်း ပညာများကို နိုင်ငံတကာအဆင့်မီ တတ်ကျွမ်း နားလည်အောင် လက်တွေ့နယ်ပယ်တွင် ရရှိသည့် အတွေ့အကြုံများနှင့် ပေါင်းစပ်ပြီး ဆက်လက်ဆည်းပူး လေ့လာသင်ယူ သွားကြရမှာဖြစ်ကြောင်း။

          နည်းပညာများတိုးတက်မှုနှင့်အတူ လိုက်လျောညီထွေ ပြောင်းလဲဆန်းသစ်နေသည့် စစ်မဟာဗျူဟာ၊ စစ်နည်းဗျူဟာများကို စဉ်ဆက်မပြတ် လေ့လာ သုံးသပ်ပြီး( ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့အားလုံးကို စွမ်းရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များ၊ နည်းပညာများ၊ စစ်လက်နက်ပစ္စည်းများနှင့် ပေါင်းစပ်ပြီး နိုင်ငံတော်ကာကွယ်ရေး စွမ်းအားကို တည်ဆောက် သွားရမှာဖြစ်ကြောင်း၊ တပ်မတော်သား အဆင့်အတန်း အားလုံးသည် မိမိတို့တာဝန် ထမ်းဆောင် ရသည့်  သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်ရန် လိုအပ်ပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအားများ တိုးတက်လာစေရန်နှင့် အရေအတွက်ထက် အရည်အသွေးနှင့် အရည်အချင်း ရှိသည့် တပ်မတော်သားများ ဖြစ်လာစေရန်အတွက် လေ့ကျင့်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာ ဖြစ်ကြောင်း၊ စစ်ရေးစွမ်းရည် ထက်မြက်ရန်အတွက် လေ့ကျင့်ရေးသည် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပြီး စစ်သည်တစ်ဦးချင်း လေ့ကျင့်ရေးနှင့် တပ်ဖွဲ့ အလိုက်လေ့ကျင့်ရေးများကို တပ်မတော်၏လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် လေ့ကျင့်ရေး ဆောင်ပုဒ်နှင့်အညီ စဉ်ဆက်မပြတ် တာဝန်ကျရာ တပ်အသီးသီးတွင် စနစ်တကျလေ့ကျင့်သွားကြရန် မှာကြားလိုကြောင်း။

ယနေ့ခေတ်သည် စစ်မှုသိပ္ပံနှင့် နည်းပညာတိုးတက်ပြောင်းလဲလာတာနှင့်အမျှ ခေတ်သစ်စစ်ပွဲများတွင် သတင်းစုံစွာရရှိရန်၊ လုံခြုံမှုနှင့်အကာအကွယ်ရရှိရန်၊ ထိရောက် စွာ ချေမှုန်းတိုက်ခိုက်နိုင်ရန်၊  အဆုံးအဖြတ် တိုက်ပွဲများကို အချိန်တိုအတွင်း ဆင်နွှဲနိုင် ရန်မှာ နည်းပညာသာလွန်ကောင်းမွန်ပြည့်စုံမှုအပေါ် များစွာမူတည်နေတာကို လေ့လာ တွေ့ရှိ ရမှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်တိုးတက် နေသည့် စစ်မှုသိပ္ပံနှင့်နည်းပညာ တိုးတက်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာ သုံးသပ်ပြီး မိမိနိုင်ငံနှင့်တပ်မတော်ကာကွယ်ရေးစွမ်းရည်မြင့်မားစေရေးအတွက် နည်းပညာ လိုအပ်ချက်အလိုက် သုတေသနပြုလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက် နေကြရမှာဖြစ်ပြီး ရလဒ်အပေါ်တွင်  သက်ဆိုင်ရာကဏ္ဍအလိုက် သင်ခန်းစာဖော်ထုတ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ဖြည့်ဆည်းခြင်း၊ အစားထိုး ထုတ်လုပ်ခြင်း စသဖြင့် လိုအပ်သည့် လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထို့အပြင် “ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်” ဆိုသည့် တပ်မတော်နည်းပညာတက္ကသိုလ်၏ လမ်းညွှန်ဆောင်ပုဒ်အတိုင်း အင်ဂျင်နီယာပညာရှင်များဖြစ်လာကြမယ့် ရဲဘော်တို့ အနေနှင့်လည်း တစ်ဖက်က သုတေသနပြုလုပ်ငန်းများ ပြုလုပ်နေရမှာဖြစ်သလို တစ်ဖက်တွင်လည်း သုတေသန ပြုနိုင်ရေး လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့အခြေအနေအရပ်ရပ်ကို မျက်ခြည် မပြတ် လေ့လာပြီး ကြိုတင်မျှော်တွေးတတ်ကြရန်၊ ခေတ်ကာလနှင့် လျော်ညီစွာ တီထွင်နိုင်စွမ်းရှိအောင် ကြိုးစားလုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း၊ အရာရာကို တီထွင်ဖန်တီးလိုသည့် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် စွမ်းရည်များရရှိအောင် ကြိုးစားကြရမည့်အပြင် တီထွင်ဖန်တီးမှု ရလဒ်များကိုလည်း ကိုယ်ကျင့်တရား၊ ကျင့်ဝတ်တို့နှင့်အညီ လူ့ဘောင်လောကကို ကောင်းကျိုးဖြစ်ထွန်း အောင် အသုံးချ သွားကြ ရန်မှာကြားလိုကြောင်း။

          မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များနှင့် တိုင်းပြည်အကျိုးသယ်ပိုး သည့်အခါ တစ်ဦးတစ်ယောက်တည်း၏ အရည်အချင်းကို အားပြုခြင်းထက် အဖွဲ့လိုက်ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်ရန် အရေးကြီးကြောင်း၊ ကြီးမားသည့် အောင်မြင်မှုများကို တစ်ယောက်တည်းရယူရန်မဖြစ်နိုင်သည့်အတွက် တစ်ဦးတစ်ယောက် တည်း အောင်မြင်ရေးကို ရှေ့တန်းမတင်ဘဲ အဖွဲ့အစည်းနှင့် စုစည်းညီညွတ်စွာ ကြိုးပမ်း လုပ်ဆောင်ရသည့် အောင်မြင်မှုများတွင် ပျော်ရွှင်ဂုဏ်ယူတတ်သည့် စိတ်ထားများ ပိုမိုကိန်းအောင်းလာအောင် တစ်ဦးချင်းအပြင် မိမိဦးဆောင်ရမည့် အဖွဲ့အစည်းကိုလည်း ဦးဆောင်စည်းရုံး လုပ်ဆောင် သွားရမှာဖြစ်ကြောင်း၊ တပ်မတော်၏ စစ်မှုဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက် အောင်မြင်စေရေးအတွက် တပ်ဖွဲ့များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတော်ရဲ့ သိပ္ပံနှင့်နည်းပညာကဏ္ဍ တိုးတက်ရေး အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်း အကောင်အထည် ဖော် ဆောင်ရွက်ခြင်းများကိုလည်း အလေးထား လုပ်‌ဆောင် သွားရမှာပင်ဖြစ်ကြောင်း။

          မိမိတို့တတ်မြောက်ထားသည့် ပညာရပ်များကို နိုင်ငံအတွက်၊ တပ်မတော်အတွက် မည်သို့အကျိုးရှိရှိ အသုံးချမည်ကို အမြဲတမ်းကြံဆလုပ်ဆောင်နေကြရမှာဖြစ်သလို ကျိုးကြောင်းဆီလျော်သည့် ပညာရှင်ဆန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အထောက်အကူဖြစ်စေရန် အင်ဂျင်နီယာပညာဒဿန(Engineering Philosophy) များကို မူဝါဒချမှတ်ပြီး သင်ကြားစေခဲ့တာဖြစ်ကြောင်း၊ ထို့အပြင် အင်ဂျင်နီယာဘွဲ့ရ တစ်ဦးတွင် ရှိရမည့်ဂုဏ်ရည်အမှတ်လက္ခဏာတွေ(Graduate Attributes)နှင့် ပြည့်စုံရန်လည်း စည်းကမ်းတကျ သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း။

ထို့ကြောင့် အရည်အသွေးအာမခံမှုရှိသည့် အင်ဂျင်နီယာပညာရေး စနစ်တစ်ခုမှ ပေါက်ဖွား လာသည့် မျိုးဆက်သစ်အင်ဂျင်နီယာ များ၏ ပေါင်းစည်းလုပ်ဆောင်မှုဖြင့် အင်ဂျင်နီယာ စွမ်းပကား တပ်မတော်အားဆိုသည့် ဆောင်ပုဒ်နှင့်အညီ တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ် ဖြစ်အောင် တည်ဆောက်သည့်နေရာတွင် အတတ်ပညာရှင်၊ အသိပညာရှင် အခန်းကဏ္ဍမှ မိမိတို့တတ်စွမ်းသရွေ့ ကြိုးပမ်းလုပ်ဆောင်သွားကြရန်တိုက်တွန်း မှာကြားလို ကြောင်း။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေခြင်း ဖြစ်ပြီး “ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward To Achieve Our Goal) ဆိုသည့်အတိုင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ လူမှုဘဝတွေ ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့ တတ်စွမ်းသည့် ပညာရပ်ဖြင့် အားကြိုးမာန်တက် လုပ်ဆောင်သွားကြရမှာ ဖြစ်ကြောင်း။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူ ဆောင်ရွက်ချိန်တွင် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေးအတွက် စီးပွားရေးကောင်းမွန်လာအောင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများကိုလည်း နိုင်ငံအဝန်း အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုသို့ဆောင်ရွက်နေသည့်နေရာတွင် တို့နိုင်ငံသည်  စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခြင်း၊ ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်နေပြည်သူများဖြစ်ခြင်း တို့ကြောင့် စိုက်ပျိုးရေး / မွေးမြူရေးကို အခြေခံပြီး မိမိဒေသအလိုက်ရနိုင်သည့် ဒေသထွက်ကုန်ကြမ်းများမှ တစ်ဆင့် ကုန်ချောအဆင့်အထိ ထုတ်ကုန်လုပ်ငန်း မျိုးစုံ တိုးမြှင့်ထုတ်လုပ်ခြင်း၊ တစ်နည်းအားဖြင့် Importer မှသည် Exporter သို့ ပြောင်းလဲနိုင်သည် အထိ ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် တိုက်တွန်းနှိုးဆော်ခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ၁၀ ကြိမ် သွားရောက်ကာ MSMEလုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်အောင်မြင် လာစေရေး အတွက် ကွင်းဆင်း၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားပေးခြင်း၊ အကြံပေးခြင်း အပါအဝင် ပံ့ပိုးဖြည့်ဆည်းမှုများကိုလည်း အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိ ကြောင်း၊ MSME လျင်မြန်စွာအရှိန်အဟုန်ဖြင့် အောင်မြင်တိုးတက်ဖွံ့ဖြိုးလာစေရေး၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ပြနဲ့ကျေးလက် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍမြှင့်တင်နိုင်ရေး စသဖြင့် ကဏ္ဍစုံတို့တွင် စစ်ဘက်/ အရပ်ဘက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်များက ကျရာ အခန်းကဏ္ဍအလိုက် ပေါင်းစပ် ညှိနှိုင်းလျက် တစ်တပ်တစ်အား ကူညီဆောင်ရွက် ပေးကြရမှာပင် ဖြစ်ကြောင်း။

          ထို့အပြင် အချို့နိုင်ငံများတွင် စက်သုံးဆီ ချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံးယာဉ် (Electric Vehicle)များကို အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ အသုံးပြုလျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံတွင်းလည်း လျှပ်စစ်ဓာတ်အားအသုံးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ် ဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသလို လျှပ်စစ်ဓာတ်အား လိုအပ်ချက် ကိုလည်း အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် (Renewable Energy)ဖြစ်သည့် ရေအားလျှပ်စစ်အရင်းအမြစ်တွေ၊ လေအား လျှပ်စစ်၊ နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်တို့ကို တိုးတက်ထုတ်လုပ်နိုင်ရန်လိုအပ်သလို နျူကလီးယားစွမ်းအင် အထိပါ အသုံးပြုနိုင်စွမ်းရှိသည်အထိ ဆောင်ရွက်ကြရမှာ ဖြစ်ပြီး ထိုသို့ လုပ်ငန်းနယ် ပယ်များဖွံ့ဖြိုးတိုးတက်ရေးတွင် အင်ဂျင်နီယာပညာရှင်များ၏ အခန်း ကဏ္ဍသည်များစွာ အရေးပါ လာမှာဖြစ်ကြောင်း။

တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည်  အလွန်အရေးကြီးပြီး အမိန့်နာခံ တတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင် ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာနိုင်မှာဖြစ်ကြောင်း၊ တပ်မတော်သားအားလုံးသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အပေါ် အခြေခံပြီး တပ်မတော်ထဲသို့ မည်သူတစ်ဦး တစ်ယောက်ကမျှ တိုက်တွန်းနှိုးဆော်၍ ဝင်ရောက်ရခြင်း မဟုတ်ဘဲ မိမိစိတ်ဆန္ဒအလျောက် ဝင်ရောက်ခဲ့ကြတာဖြစ်သဖြင့်    ပေးအပ်လာသည့် တာဝန်များ ကို ကျေပွန်စွာထမ်းဆောင်ကြရမှာ ဖြစ်ကြောင်း၊  ရဲဘော်တို့အနေဖြင့် စစ်ဘက်ခေါင်းဆောင် ငယ်များဖြစ်သဖြင့် ရဲရင့်ပြတ်သားသည့်စိတ်ရှိရန် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ နေထိုင် ကျင့်ကြံကြရန်နှင့် မိမိကိုယ်ကို တိုးတက်အောင် အမြဲလေ့လာလေ့ကျင့် နေကြရမှာ ဖြစ်ကြောင်း။

စွမ်းရည်ရှိသည့် တပ်မတော်တစ်ရပ် ဖြစ်လာစေရေးသည် တပ်မတော်သားများနှင့် အဓိကသက်ဆိုင်ပြီး စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ဖြစ်စေရေးအတွက် နိုင်ငံတော် အပိုင်းက ဆောင်ရွက်ပေးမှာပင်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေးတွင် ဦးစီးခေါင်းဆောင်ငယ်များ ဖြစ်ကြမည့် ရဲဘော်တို့တစ်ဦးချင်းအနေနှင့် ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ်ဆောင်ရွက်ပြီး အဆင့်ဆင့်ကွပ်ကဲ အုပ်ချုပ်မှုများကို စည်းကမ်းစနစ် တကျ လုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း။ ထူးချွန်ခြင်း၊ ကျွမ်းကျင်ခြင်းသည် တာဝန်တစ်ခု၊ နယ်ပယ် တစ်ခုအတွက်သာဖြစ်ပြီး ဘက်ပေါင်းစုံမှ တွေးခေါ်မြော်မြင်မှု ကောင်းစွာ ဆောင်ရွက် တတ်ခြင်းသည်သာ ခေါင်းဆောင်မှုကောင်းခြင်းဖြစ်ပြီး ထိုသို့ဖြစ်ရန်အတွက် မိမိကိုယ်တိုင် လေ့လာအားထုတ် ကြိုးစားလုပ်ဆောင်သွား ကြရန်တိုက်တွန်း မှာကြားလိုကြောင်း။

တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးဖြစ်ပြီး စစ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည်များ အစဉ်ထက်မြက် နေအောင်လည်း လေ့ကျင့်ဆောင်ရွက် နေကြရမှာဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင် မှုနှင့် ပတ်သက်ပြီး စစ်သည်တော် ကျင့်ဝတ်များနှင့်အညီ နေထိုင်ကျင့်ကြံပြီး  ထုတ်ပြန် ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊  မူဝါဒများကို တိကျစွာ လိုက်နာဆောင်ရွက် သွားကြရမှာဖြစ် ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးသည် တပ်မတော်အတွက် အရေးကြီးပြီး တပ်ဖွဲ့များအချင်းချင်း၊ မိသားစုဝင်များအချင်းချင်း စည်းလုံး ညီညွတ်မှုရှိနေပါက မည်သူ တစ်ဦးတစ်ယောက်ကမျှ ဖြိုခွဲလို့ရနိုင်မှာ မဟုတ်ကြောင်း၊

 ယနေ့အချိန်အခါတွင် တပ်တွင်းစည်းလုံးညီညွတ်မှုပြိုကွဲစေရန်နှင့် တပ်မတော် အင်အားချည့်နဲ့စေရန် နိုင်ငံကြီးအချို့အပါအဝင် တိုင်းပြည်၏သစ္စာဖောက် လောက် ကောင်များကနည်းမျိုးစုံကြိုးပမ်း ဆောင်ရွက်နေတာဖြစ်သဖြင့် အဆင့်လိုက် ခေါင်းဆောင်များအနေနှင့် စစ်စည်းကမ်း၊ အုပ်ချုပ်မှုဆိုင်ရာ အမိန့်နှင့်ညွှန်ကြားချက် များအပြင် တပ်မတော် (ကြည်း၊ရေ၊လေ) လုပ်ငန်းလမ်းညွှန်ပါ ကျင့်ဝတ်အပါး ၆၀ ကိုလည်း တိကျ မှန်ကန်စွာ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားမှသာလျှင် တပ်တွင်း စည်းလုံး ညီညွတ်မှုကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက် နိုင်မှာဖြစ်ကြောင်း။

တပ်တွင်းစည်းလုံးညီညွတ်ရေးခိုင်မာရန် သာမက တပ်မတော်သားများသည် မိဘပြည်သူများနှင့်လည်း ရေကိုသားလို့အကြားမထင်သလို လက်ရည်တစ်ပြင်တည်း စည်းလုံးညီညွတ်မှုခိုင်မာရန်လည်းအရေးကြီးကြောင်း၊ တပ်မတော်သည် ပြည်သူကြား က ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထား သည့်တစ်ခု တည်းသော တပ်မတော်ဖြစ်တာနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ပေးရမှာဖြစ်သည့်အပြင် ပြည်သူတွေ၏ နေ့စဉ်လူမှုဘဝ လုံခြုံရေးကိုလည်း ဘက်ပေါင်းစုံက တတ်နိုင်သမျှကူညီဆောင်ရွက် ပေးရမှာ ဖြစ်ကြောင်း။

တပ်မတော်သည် စနစ်တကျဖွဲ့စည်းထားပြီး မြဲ မြဲ  အမြဲအသင့်ရှိသည့် အဖွဲ့ အစည်းဖြစ်တာနှင့်အညီ ပြည်သူလူထုအပေါ် မမျှော်မှန်းနိုင်သည့် သဘာဝဘေး အန္တရာယ်များကျရောက်ခဲ့ရင်လည်း လူသားချင်း စာနာထောက်ကူမှုနှင့် သဘာဝဘေးဒုက္ခ ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော်ဝန်ကြီးချုပ်၏ လူ့ အသက်ထက် အရေးကြီး တာဘာမှမရှိဆိုသည့်အတိုင်း အမိန့်စောင့်ရန်မလိုဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက်ပေးခြင်းဖြင့်လည်း မိဘပြည်သူများအနေနှင့် တပ်မတော်သားများအပေါ် ယုံကြည်အားကိုးအလေးထားမှုပိုမိုရရှိကာ စစ်ဘက်/ အရပ်ဘက် ပူးပေါင်း ဆောင်ရွက် နိုင်မှု တိုးတက်ကောင်းမွန်ပြီး နိုင်ငံ၏ ရေရှည်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် တစ်စည်းတစ်လုံးတည်း လက်တွဲညီညာစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ကြောင်း

                သမားရိုးကျစစ်ဆင်ရေးများကို  အဆင့်မီ ဆင်နွှဲနိုင်စွမ်းရှိသည့် ခေတ်မီ တပ်မတော်တစ်ရပ် (Standard Army) တည်ဆောက်ရာတွင် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲနေသည့် နည်းပညာရပ်များကို မျက်ခြည်မပြတ်ကြိုးစား လေ့လာသင်ယူကြရန်၊ မိမိတို့တာဝန်ထမ်းဆောင်ရသည့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်အောင် ဆက်လက်လေ့လာဆည်းပူးပြီး “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ”ဆိုသည့် တပ်မတော်၏ လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်ပြီး တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြှင့်တင်နိုင်ရေး ကြိုးပမ်းလုပ် ဆောင်သွားကြရန်၊ ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ်ဆောင်ရွက် တတ်ပြီး စည်းကမ်းစနစ် တကျရှိသည့် စစ်ဘက်ခေါင်းဆောင်ငယ်များအဖြစ် ခေါင်းဆောင်မှုအင်္ဂါရပ်များ နှင့်အညီ နေထိုင်ကျင့်ကြံသွားပြီး မိမိကိုယ်ကိုတိုးတက်အောင် အမြဲ ကြိုးစားအားထုတ် သွားကြရန်၊ နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ဆောက် ရေးကဏ္ဍများတွင် မိမိတို့တတ် ကျွမ်းသည့် အင်ဂျင်နီယာဘာသာရပ်နှင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ပြီး တပ်မတော်၊ တိုင်းပြည်နှင့်လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားလုပ်ဆောင် သွားကြရန်လို ကြောင်း ဖြင့်ပြောကြားသည်။

                ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

                စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း သည် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃)ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

                ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း နှင့် အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် ခဲ့ကြောင်းနှင့် ညစာမသုံးဆောင်မီနှင့် သုံးဆောင်‌နေစဉ်အတွင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေ ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသူများက ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပြင်ဦးလွင်၊ဒီဇင်ဘာ -၁၂

          တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်၊ တပ်မတော်နည်းပညာ တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးကြီး သောင်းနိုင်နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

          ဦးစွာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဝင်ရောက်၍ ဘွဲ့နှင်းသဘင်ခန်းမရှိ သတ်မှတ်နေရာများ တွင် နေရာယူကြပြီးနောက် နိုင်ငံတော်သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်း အနားကို ဖွင့်လှစ်သည်။

          ထို့နောက်  ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့် သူများ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။

          ဆက်လက်၍ ပါမောက္ခချုပ်က ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ အင်ဂျင်နီယာ ဘွဲ့ရရှိသူ (၁၄၄)ဦး၊ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၅)မှ အင်ဂျင်နီယာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ ရရှိသူသင်တန်းသားအရာရှိ (၇၀)ဦး၊ အင်ဂျင်နီယာပညာ သင်ကြားရေးဒီပလိုမာသင်တန်းအမှတ်စဉ်(၇)မှ အင်ဂျင်နီယာသင်ကြားရေးဒီပလိုမာဘွဲ့ ရရှိသူသင်တန်းသားအရာရှိ (၁၂ )ဦး၊ မဟာအင်ဂျင်နီယာဘွဲ့သင်တန်းအမှတ်စဉ် (၁၂)မှ မဟာအင်ဂျင်နီယာဘွဲ့ ရရှိသူသင်တန်းသားအရာရှိ (၆၅)ဦးနှင့် အင်ဂျင်နီယာပါရဂူဘွဲ့ သင်တန်းအမှတ်စဉ်(၇)မှ အင်ဂျင်နီယာပါရဂူဘွဲ့ ရရှိသူသင်တန်းသားအရာရှိ(၃၃)ဦး စုစုပေါင်း (၃၂၄)ဦးတို့အား ဘွဲ့လက်မှတ်များချီးမြှင့်အပ်နှင်းသည်။

          ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ် လက္ခဏာဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။

၎င်းနောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းကြောင်းကြေညာကာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမမှ ပြန်လည်ထွက်ခွာသွားကြသည်။

တပ်မတော်နည်းပညာတက္ကသိုလ်အနေဖြင့် ပထမအကြိမ်ဘွဲ့နှင်းသဘင်မှ ယခု (၂၄) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အထိ အင်ဂျင်နီယာဘွဲ့ရအရာရှိ (၇၅၂၂)ဦး၊ အင်ဂျင်နီယာမဟာဒဿနဘွဲ့ရ(၅)ဦး၊ အင်ဂျင်နီယာသင်ကြားရေး ဒီပလိုမာဘွဲ့ရ (၁၀၆)ဦး၊ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာဘွဲ့ရ(၃၇၄)ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ရ (၅၇၄)ဦးနှင့် အင်ဂျင်နီယာပါရဂူဘွဲ့ရ(၁၃၆)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂုဏ်ထူးဆောင်အင်ဂျင်နီယာပါရဂူဘွဲ့ရ (၂)ဦးကိုလည်း ဘွဲ့များ အပ်နှင်းပေးနိုင် ခဲ့ကြောင်း သတင်းရရှိသည်။

ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄)သင်တန်းဆင်း ဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊  ဒီဇင်ဘာ - ၁၂

   တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၄) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်မတော် နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့် ကျောင်းဆင်းဗိုလ်လောင်းများတက်ရောက်ကြသည်။

    အခမ်းအနားအစီအစဉ်အရ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး တို့သည် စင်မြင့်ထက်တွင် နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်က ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ် သည်။

    ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်ပြီးနောက် စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး လင်းအောင်က အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှမြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၂)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၂

 မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၃၂)ကြိမ်မြောက် နှစ်ပတ် လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ နိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဂုဏ်ထူးဆောင်နာယက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ တက်ရောက် သည်။

အခမ်းအနားသို့ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊  ပြည်နယ်နှင့်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကို မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မိခင်နှင့်ကလေး များ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားလာစေရေးအတွက် အထောက်အကူပြု ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရမှ စေတနာ့ ဝန်ထမ်းလူမှုရေး အဖွဲ့ အစည်းတစ်ခုအဖြစ် ၁၉၉၁ ခုနှစ် ဧပြီ (၃၀)ရက်တွင်   စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် မေတ္တာစမ်းရေ ဆေးခန်းအပါအဝင် သားဖွားခန်းများဖွင့်လှစ်ပြီး  ကိုယ်ဝန်ဆောင်မိခင်များကို စောင့်ရှောက်ခြင်း၊ အန္တရာယ် ကင်းစွာ မွေးဖွားပေးခြင်း၊    မွေးပြီးမိခင်စောင့်ရှောက်ခြင်းနှင့် သားဆက်ခြားလုပ်ငန်းများ ကို ဆောင်ရွက်ပေးခြင်း၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ခံယူသူများကို ကိုယ်ဝန်(၄)လ မှစ၍  လစဉ် အာဟာရယူနစ် ထောက်ပံ့ပေးခြင်းများ ကိုဆောင်ရွက်ပေးလျက်ရှိကြောင်း။

ကျေးလက်ဒေသ အထိကျန်းမာရေး ပညာပေးခြင်း၊   ကူးစက်တတ်သော ရောဂါများ  မဖြစ်ပွားအောင်ကာကွယ်ရေးနှင့်  ကုသရန်ဆောင်ရွက်ပေးခြင်း၊  မကူး စက်တတ်သော နာတာရှည်ရောဂါများ  မဖြစ်ပွားအောင် ကျန်းမာရေးနှင့် ပြည့်စုံစေသည့် လူနေမှုဘဝပုံစံ ရရှိရန် အသိပညာပေးခြင်းနှင့် ရောဂါ ဖြစ်ပွားပါကကုသနိုင်ရန်လည်း ကူညီပေးခြင်းများ၊   ပြည်သူလူထုမှ ကျန်းမာရေးကို လက်လှမ်းမီစေရန် ကြိုးစားပြီး ကျန်းမာရေး အခြေအနေ မြှင့်တင်စေရေး လုပ်ငန်းများကို သက်ဆိုင်ရာဦးစီးဌာနများ၊  အခြားနှီးနွယ်သော အဖွဲ့ အစည်းများနှင့် ပြည်ပမှနိုင်ငံတကာ မိသားစုစီမံကိန်းအဖွဲ့တို့နှင့် ပူးပေါင်း အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံလိုအပ်ချက်ဖြစ်သည့် ပြည်သူတို့၏ ယုံကြည်အား ထားမှုရရှိအောင် ထဲထဲဝင်ဝင်ဆောင်ရွက် ပေးနေကြသည့်  အသင်းဝင်များ၏ ဆောင်ရွက် မှုများသည် နိုင်ငံနှင့်လူမျိုးအတွက် အရေးပါသည့် မှတ်တိုင်များဖြစ်ပါကြောင်း။

မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့် ဗဟိုမှစ၍ ရပ်ကွက်၊ ကျေးရွာ တွေက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းတွင် မိမိတို့ ရပ်ရွာအတွင်းရှိ ပြည်သူလူထုကို ကာကွယ်ဆေးလာ ရောက်ထိုးနှံရန် စည်းလုံးလှုံ့ဆော်ခြင်း၊ ကာကွယ်ဆေးထိုး စုရပ်များတွင် ကာကွယ်ဆေး မထိုးမီ စာရင်းရေးသွင်းခြင်း၊ ဆေးမထိုးမီနှင့် ဆေးထိုးနှံပြီး စောင့်ဆိုင်းချိန်မှာ စနစ်တကျ ရှိစေရန် ဝိုင်းဝန်းကူညီခြင်း၊ ကာကွယ်ဆေးများ သယ်ယူပို့ဆောင်ရာမှာ ကူညီဆောင်ရွက် ခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို အစစအရာရာကူညီခြင်းများ ဆောင်ရွက်ပေးခဲ့သည့် အတွက် အထူးကျေးဇူးတင် ရှိပါကြောင်း။

ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များနှင့် အသင်း၏ လုပ်ဆောင်ချက်များ ကို ပေါင်းစပ်ပြီး ထိရောက်အောင်မြင်ကာ ရေရှည်ဖွံ့ဖြိုးမှု ပန်းတိုင်၏ လျာထားချက် ပြည့်မှီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံး ပံ့ပိုးဆောင် ရွက်ပေးသွားမည်ဖြစ်၍ အသင်းကြီးအနေဖြင့်လည်း အသင်း၏ တိုးတက်ရာတိုးတက် ကြောင်းနှင့် ပြည်သူလူထုအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကို အကောင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်သက်ဌေးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှား ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (၃၂)ကြိမ် မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးက  ၂၀၂၂ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပြီး ဘဏ္ဍရေးမှူးက ၂၀၂၁-၂၀၂၂ ငွေစာရင်းရှင်းတမ်းနှင့် ၂၀၂၂-၂၀၂၃ ရသုံးမှန်းခြေစာရင်းကို ဖတ်ကြားတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့များက ၂၀၂၂ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက အကြံပြု ဆွေးနွေးကြသည်။

ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန် ဆွေးနွေး အတည်ပြုကြပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အများသိစေရန် ကြေညာခြင်း

 

၁။      ၂၀၂၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)၊ (၅၄/၂၀၂၂)၊ (၆၃/၂၀၂၂)၊ (၂၁၁/၂၀၂၂)၊ (၂၁၂/၂၀၂၂)၊ (၂၁၃/၂၀၂၂)၊ (၂၁၄/၂၀၂၂)၊ (၂၁၅/၂၀၂၂)၊ (၂၁၈/၂၀၂၂)၊ (၂၁၉/၂၀၂၂)၊ (၂၂၀/၂၀၂၂)၊ (၂၂၁/၂၀၂၂)တို့ဖြင့် အဂ္ဂမဟာသီရိသုဓမ္မဘွဲ့၊ သတိုးသီရိသုဓမ္မဘွဲ့၊ အဂ္ဂမဟာသရေစည်သူဘွဲ့၊ သတိုးမဟာသရေစည်သူဘွဲ့၊ မဟာသရေစည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သူရဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ အလင်္ကာကျော်စွာဘွဲ့၊ သိပ္ပကျော်စွာဘွဲ့စသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့များကို ချီးမြှင့်ခဲ့ပြီးဖြစ်ပါသည်။

၂။       အထက်ပါ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်မည်ဖြစ်ရာ ကိုယ်တိုင်သော်လည်းကောင်း ၊ မိသားစုဝင်တစ်ဦးမှ ကိုယ်စားသော်လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက် နိုင်ရေး  ဖိတ်ကြားဆောင်ရွက်လျက်ရှိပါသည်။

၃။      အဆက်အသွယ်ရရှိခြင်းမရှိသေးသည့် ဘွဲ့ရရှိသူကိုယ်တိုင် (သို့မဟုတ်) ကိုယ်စား တက်ရောက်မည့် မိသားစုဝင်တစ်ဦးမှ ဖိတ်ကြားရေးဆပ်ကော်မတီ ဖုန်းနံပါတ်(၀၆၇-၃၄၁၂၇၁၅) နှင့် (၀၆၇-၃၄၁၂၇၁၆) သို့ (၂၀-၁၂-၂၀၂၂) ရက်နေ့ နောက်ဆုံးထား၍ ဆက်သွယ်ပေးနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

            ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ ယနေ့နံနက်ပိုင်းက PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၄)ရပ်ကွက်၊ အင်းဝလမ်းရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ် ဦးစီးမှူးရုံး ဧည့်သည်နားနေဆောင်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဧည့်သည်နားနေဆောင်သို့ ရောက်ရှိနေသည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ယုဇနလမ်း၊ အမှတ်(၅၁၈) နေသူများဖြစ်သည့် ဦးဝင်းထက်ဦး (၄၃)နှစ် (ဘ) ဦးမောင်သော်တွင် ဦးခေါင်းနှင့် ခန္ဓာကိုယ် ဘယ်ဘက်အခြမ်းတို့တွင် လည်းကောင်း၊ မခင်တွယ်တာဦး(၂၀)နှစ်(ဘ)ဦးထွန်းထွန်းဦး၏ ဝဲ/ ယာခြေထောက်တို့တွင် လည်းကောင်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

            အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးကာ တပ်မတော် ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများ အား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ ဒီဇင်ဘာ ၁၂

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်နေ သန္တာလတ်သည် ၎င်းအသုံးပြုသည့် “Thandar Latt” Facebook အကောင့်ဖြင့် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်း များ ဆောင်ရွက်ခဲ့ရပါ သည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား) ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့(Cox’s Bazar)ရှိ Inani ကမ်းခြေတွင် ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ International Fleet Review-2022 (IFR-2022) သို့တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး သိန်းစိုး ဦးဆောင်လိုက်ပါသွားသော ဒုံးပျံတင် ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမှတ် (၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။   

အပြည်ပြည်ဆိုင်ရာရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ(IFR-2022) ဖွင့်ပွဲအခမ်း အနားသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်တက်ရောက်ခဲ့ပြီး၊ မြန်မာ့တပ်မတော်(ရေ)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် နိုင်မင်းကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်အတူ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာ ရေတပ်များ၊ ဒေသတွင်းရေတပ်များနှင့် အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များ စုပေါင်းတက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဒုံးပျံတင်ဖရီဂိတ်စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် လိုက်ပါခဲ့သော တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များသည် နိုင်ငံတကာတပ်ဖွဲ့ဝင် များနှင့်အတူ အပြည်ပြည်ဆိုင်ရာ ရေတပ်စစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2022) ဖွင့်ပွဲ အခမ်းအနားတက်ရောက်ခြင်း၊ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ နိုင်ငံတကာ တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ စစ်ရေယာဉ်များနှင့်အတူ ပုံပြုချီတက်မောင်းနှင်ခြင်း၊ နိုင်ငံတကာရေကြောင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခြင်း၊ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်တွေ့ဆုံခြင်း၊ နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင်ပါဝင်ဆင်နွှဲခြင်း၊ ရိုးရာအစားအစာများ တည်ခင်းဧည့်ခံပွဲတွင် ကြာဆံဟင်းခါး၊ မုန့်ကြာစေ့၊ ရွှေဖီဦးလက်ဖက်ရည်၊ နန်းမြိုင်ကော်ဖီ၊ ပုသိမ် ဟာလဝါတို့ဖြင့် တည်ခင်းဧည့်ခံခြင်း၊ ဘင်္ဂလားဒေ့ရှ်ရေတပ်ဦးစီးချုပ်မှ တည်ခင်း ဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့တက်ရောက်ခြင်း၊ ကမ်းခြေ၌ကျင်းပသော ပျော်ပွဲရွှင်ပွဲများသို့ အပြည်ပြည်ဆိုင်ရာ ရေတပ်အရာရှိ၊ စစ်သည်များနှင့်အတူ တက်ရောက်ခြင်း၊ ကမ္ဘာ့အင်အားကြီးရေတပ်များ၊ ဒေသတွင်းရေတပ်များ၏ စစ်ရေယာဉ်များနှင့်အတူ သရုပ်ပြပုံပြုမောင်းနှင်ခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ ကြကြောင်း သိရှိရသည်။

ယခုသွားရောက်ခဲ့သောခရီးစဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ စွမ်းဆောင် နိုင်မှုအား ဖော်ထုတ်ပြသနိုင်ခဲ့ရုံသာမက နိုင်ငံတကာရေတပ်များ၊ ဒေသတွင်း ရေတပ်များနှင့် အိမ်နီးချင်းရေတပ်များအကြား တပ်မတော်(ရေ) အင်ဂျင်နီယာများ ၏စွမ်းအားနှင့် ကိုယ်တိုင်ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့သော ဒုံးပျံတင်ဖရီဂိတ် စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့် ရေမိုင် ၁,၄၅၆ မိုင်ကို သွားရောက်ခဲ့ပြီး သံတမန် ရေးရာကဏ္ဍဆောင်ရွက်မှုများကိုလည်း အောင်မြင်စွာ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ ကြောင်း သတင်းရရှိသည်။