မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၃)ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံ ခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
news
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာခြင်းလုံး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပ သည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ကြာအင်းကျေးရွာရှိ ဆီဆုံကုန်းသာသနာ့ရိပ် သာကျောင်းတိုက်၌ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အင်းတိုင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ကျောင်းတိုက်အတွင်းအပြင် ရေဝင်ခဲ့သည့်နေရာ များ၌ တင်ကျန်ခဲ့သည့် နှုံးများနှင့် အမှိုက်များ ဖယ်ရှားရှင်းလင်းပေးခြင်း စသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှ သံဃာတော် ၄၅ ပါးနှင့် သာသနာနွယ်ဝင် သီလရှင် ၁၀ ပါးတို့ကိုလည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက် နတ်ရေကန်ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၁၀၈ ပါးတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ်၊ တမံကြီး ကျေးရွာရှိ တမံကြီးကျောင်းတိုက်မှ သံဃာတော် ၆ ပါးနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ပြည်သူ ၂၁၂ ဦးတို့ကိုလည်းကောင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန် ကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၃၁၀ ဦးတို့က ိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ပဲခူးတိုင်း ဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ်ကွက်ရှိ သီတဂူဗုဒ္ဓကောလိပ်(ပြည်) ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် ၆၈ ပါးတို့ကို လည်းကောင်း သတ်မှတ်နေရာအသီးသီး၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (MICC II) ၌ ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက MICC II တွင် အခမ်းအနား ကျင်းပရန် ကြိုတင်ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ရှေးဦးစွာ MICC II ရှေ့မျက်နှာစာတွင် ကျင်းပမည့်အခမ်းအနားတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ရန်နှင့် စက်ခလုတ်နှိပ်ဖွင့်လှစ်ရန် အစီအစဉ်နှင့် နေရာအခင်းအကျင်းတို့ကို ကြည့်ရှု စစ်ဆေးသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ပညာရေးဒီဂရီကောလိပ် ရေဘေးကယ်ဆယ်ရေးစခန်း၌ ယနေ့နံနက်ပိုင်းတွင် ထပ်မံရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် နယ်မြေခံတပ်မတော် သားများက ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၇၀ စု၊ လူဦးရေ ၆၅၀ ဦးနှင့် လှူဒါန်းထားရှိသည့် စားနပ်ရိက္ခာ များအား အဆိုပါမြို့နယ်ရှိ ရေဘေးလွတ်ရာ Uniwin အထည်ချုပ်စက်ရုံသို့ ကူညီကယ်ဆယ် ရွှေ့ပြောင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အောက်တိုဘာလ ၇ ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၄ ပေခန့် ကျော်လွန်မြင့်တက်ပြီး ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့တွင်းရှိ လူနေရပ်ကွက်များနှင့် အနီးရှိ ကျေးရွာများအတွင်းသို့ ရေများဝင်ရောက်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။







































































