နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဒီဇင်ဘာ ၃
၂၀၂၂ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော် မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ NGO၊ INGO များ ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော် မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အမှာစကားပြောကြားရာတွင် မသန်စွမ်းမှုဆိုင်ရာ အရေး ကိစ္စများကို သိရှိနားလည်နိုင်စွမ်း မြှင့်တင်ရန်၊ မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ လူ့အခွင့် အရေးများနှင့် ကောင်းကျိုးစီးပွားတို့အတွက် ပံ့ပိုးကူညီဆောင်ရွက်နိုင်ရေး စည်းရုံး လှုံ့ဆော်ရန်အတွက် နှစ်စဉ် ဒီဇင်ဘာ (၃) ရက်နေ့ကို အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ်သတ်မှတ်ပြီး ကုလသမဂ္ဂ၏ ဦးဆောင်မှုဖြင့် ကမ္ဘာတစ်ဝန်း တွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်း အမှတ်အခမ်း အနားကို (၁၉၉၄)ခုနှစ်က စတင်ပြီး အစဉ်အလာမပျက် ကျင်းပခဲ့ရာ ယခုနှစ်တွင် (၂၉)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း။
၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂ အဖွဲ့ကြီးက သတ်မှတ်ပေးသည့် ဦးတည်ဆောင်ပုဒ်မှာ “Transformative solutions for inclusive development: the role of innovation in fuelling an accessible and equitable world” “အားလုံးပါဝင် ဖွံ့ဖြိုးဖို့၊ ဆန်းသစ်တီထွင်အဖြေရှာစို့၊၊ အားလုံး လက်လှမ်းမီ ညီမျှရေး၊ တီထွင်ဖန်တီးမှု စွမ်းအားဖြင့် ဆောင်ရွက်ပေး” ပင် ဖြစ်ကြောင်း။
အခြားသော အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် တီထွင်ဖန်တီးမှုနှင့် နည်းပညာအကူအညီများကို ရယူသွားရမည်ဖြစ်ကြောင်း၊ နည်း ပညာ နှင့် တီထွင်ဖန်တီးမှုသည် မသန်စွမ်းသူများအတွက် အလွယ်တကူ လက်လှမ်းမီရယူနိုင်မှု (accessibility)နှင့် အသုံးချနိုင်မှု (usability)များကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ကုလသမဂ္ဂ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ ကွန်ဗင်းရှင်း တွင်လည်း အထောက်အကူပြု နည်းပညာများ ရယူအသုံးပြု နိုင်မှုကို မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးတစ်ရပ်အနေဖြင့် အသိအမှတ်ပြု ထားရှိကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၇) ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံသည် အာရှပစိဖိတ် ဒေသတွင်း နိုင်ငံဖြစ်သည့်အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်သည့်အတွက် အာရှနှင့် ပစိဖိတ် ဒေသ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အင်ချွန်း မဟာဗျူဟာ (၂၀၁၃-၂၀၃၃) နှင့် ASEAN Enabling Master Plan (2025) တို့ကို လိုက်နာအကောင် အထည်ဖော်လျက်ရှိကြောင်း။
အင်ချွန်းမဟာဗျူဟာအရ မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းကို ကနဦးစီမံကိန်း နယ်မြေ (၄)ခုဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့တွင် ဆောင်ရွက်လျက် ရှိပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးကို လွှမ်းခြုံနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း။
ASEAN Enabling Master Plan (2025) အရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၂ - ၂၀၂၇)ကို အတည်ပြု ပြဋ္ဌာန်းထားရှိပြီးဖြစ်ကြောင်း၊ မဟာဗျူဟာ (၅)နှစ် စီမံကိန်း ထိရောက်အောင်မြင် စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက ဦးဆောင်ပြီး လုပ်ငန်းစီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း မသန်စွမ်းသူများ လူမှုအဖွဲ့အစည်း အတွင်း ပါဝင်နိုင်စေရေးအတွက် အတားအဆီး ကင်းသည့်ပတ်ဝန်းကျင် (Barrier Free Environment)၊ အလွယ်တကူလက်လှမ်းမီ ရယူအသုံးပြုနိုင်မှု (Accessibility) တို့ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သကဲ့သို့ သုတေသန လုပ်ငန်းများကိုလည်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခင်ဖွဲ့စည်းထားသည့် မသန် စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး မသန်စွမ်းသူများအတွက် ပညာရေး၊ ကျန်းမာ ရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အခြားလုပ်ငန်းစဉ်များမှတစ်ဆင့် လေ့ကျင့် ပျိုးထောင် ပေးမှုများနှင့် စွမ်းဆောင်ရည်ပြည့်ဝစေပြီး မသန်စွမ်းသူများကို ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့ အစည်းတွင် ပါဝင်ခွင့်ရရှိရေး အလေးထားဆောင်ရွက်ပေးလျက် ရှိကြောင်း။