news

          ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ဆက်လက်ကျင်းပပြုလုပ်သည်။

          ကရင်ပြည်နယ်အတွင်းရှိ ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်တို့အား  KNU၊ KNLA  မှ အကြမ်းဖက်မှုကို လိုလားသောအဖွဲ့၊ NUG အဖွဲ့ နှင့် ၎င်း၏လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများက ၂၀၂၂ မေလမှ စတင်ထိန်းချုပ်၍ အဆိုပါ ဒေသတစ်ဝိုက်ရှိ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ စာသင် ကျောင်းများအတွင်း ဝင်ရောက်နေထိုင်ကာ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့် ဒေသခံတိုင်းရင်းသားများ အနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ခေတ္တထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ပြီး ဘဏ်အား ဓားပြတိုက်လုယက်မှု ကျူးလွန်ရန် စီစဉ်လျက်ရှိသည့် Anti-Coup Pepole’s Liberation Force – ACPLF နှင့် Anonymous Fighter Force – AFF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာလ ၁ ရက်

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား  စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများအား ဖောက်ခွဲ ဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည့် အကြမ်းဖက် လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

              ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ဖြန့်ဖြူးဆောင်ရွက်နေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားလိုင်းများအား NUG လက်ဝေခံ PDF အကြမ်းဖက်သောင်း ကျန်းသူများ၏ လုပ်ကြံတိုက်ခိုက်ဖျက်ဆီးမှုများကြောင့် (၂၉-၁၁-၂၀၂၂) ရက်နေ့ ညနေပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်လျှပ်စစ်ရုံး၌ တာဝန် ထမ်း‌ဆောင်လျက်ရှိသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာသည် နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း ကျိုက်ထိုမြို့၌ လုပ်ကြံပစ်ခတ်ခံခဲ့ရသဖြင့် အပြစ်မဲ့နိုင်ငံဝန်ထမ်း တစ်ဦးအသက်ဆုံး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟ ိုဌာန၌ ကျင်းပသည်။

            စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့မရဲစခန်းအား PDF အမည်ခံအကြမ်းဖက်သမား များက နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းက ၄၀ မမ ဗုံးပစ်လောင်ချာများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် ၄၀ မမဗုံးသီးများမှာ ရဲစခန်းအနီး လူနေရပ်ကွက်များအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသမီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

            ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ ပထမအကြိမ်ညီလာခံကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့ရာ ညီလာခံပထမနေ့ကို ဒေသစံတော်ချိန် ၁၄၀၀ နာရီမှ ၁၈၀၀ နာရီအထိ Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ညီလာခံသို့ မြန်မာနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှား၊ ဘီလာရုစ်၊ ဟန်ဂေရီ၊ စပိန်၊ အီဂျစ်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ နယူးဇီလန်၊ ဆော်လမွန်၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယားနှင့် အစ္စရေးနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ၊ ပြည်ထဲရေး ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရဲချုပ်များ၊ သံအမတ်ကြီးများနှင့် အင်တာပိုလ်ဥက္ကဌ၊ ဒုတိယဥက္ကဌတို့ အပါအဝင် နိုင်ငံ ၃၈ နိုင်ငံမှ ကိုယ်စားလှယ်စုစုပေါင်း ၄၀၀ ဉီး တက်ရောက်ခဲ့ကြပါသည်။

 

ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပ သည်။