အားကောင်းသော "မိုခါ" မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မေ(၂၂)ရက် နံနက်(၇)နာရီက ရခိုင်ပြည်နယ် လေဘေး ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၄) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း၊ တောင်လေးလုံးကမ္ဘောဇခန်းမတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့် ရဲတပ်ဖွဲ့ဝင်များ တွေ့ဆုံ၍ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။
news
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင် တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ရေးနှင့် ကူညီ ကယ်ဆယ်ရေးပစ္စည်များအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်
နေပြည်တော်၊ မေ - ၂၂
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ် သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သောပစ္စည်းများ ကူညီ ထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာ ကမ်းထိုး ရေယာဉ်ပထမအစီးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၇ ဦး၊ ရေသန့်စက်ကား ၁ စီး၊ ဘားအံမြို့ နယ်မြေခံတပ်မဌာနချုပ်မှ အဝတ်အထည် အထုပ်ကြီး ၉ ထုပ် စုစုပေါင်းကုန်တန်ချိန် ၁၂ တန်တို့အားလည်းကောင်း၊ ၂၉ မီတာ ကမ်းထိုးရေယာဉ်ဒုတိယမြောက်အစီးသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ ဝန်ထမ်း ၃ ဦး၊ ရေသန့်စက်ကား ၁ စီး၊ နယ်မြေခံတပ်မဌာနချုပ်မှ အဝတ်အထည်အထုပ်ကြီး ၂ ထုပ် စုစုပေါင်းကုန်တန်ချိန် ၉ တန်တို့အားလည်း ကောင်း၊ ရေချမ်းပြင်ကမ်းထိုးရပ် တင်ဆောင်၍ ယနေ့နံနက်ပိုင်းတွင် ရသေ့တောင် ကမ်းထိုးရပ်သို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်း များ ထပ်မံသယ်ဆောင်ပေးရန်အတွက် ရေချမ်းပြင်၌ ပြန်လည်အခြေပြုခဲ့သည်။
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်
နေပြည်တော်၊ မေ - ၂၂
တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ(MOCHA)တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များ အားစုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်း များကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂၂ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ နယုန်လဆန်း ၄ ရက်
( ၂၀၂၃ ခုနှစ် ၊ မေလ ၂၂ ရက် )
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party) ကို
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ သည့် စစ်တွေမြို့ရှိ မုန်တိုင်းသင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စား သောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ယနေ့တွင် စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံ၌ ဟင်းသီးဟင်းရွက်များ၊ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဉ၊ ဘဲဉ၊ နို့ထွက်ပစ္စည်းများ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ် သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ်ဘူးများဖြစ်သည့် အမဲသားဘူး၊ မျှစ်စား တော်ပဲဘူး၊ ကြက်သားအာလူးဘူး၊ ငါးတန်အချိပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိ ကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းဘူး၊ သရက်သီးသနပ်ဘူး စသည့် စားသောက် ကုန်ပစ္စည်းများ ကို ပြင်ပပေါက်ဈေးထက် သက်သာဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက တစ်ခဲနက်ဝယ်ယူခဲ့ကြ ကြောင်းနှင့် ယခုကဲ့သို့ စာရေးအခက်အခဲဖြစ်ပေါ်နေချိန်တွင် သက်သာသောဈေးနှုန်း များဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်းရရှိသည်။
သဘာဝလေဘေးတိုက်ခတ်မှုကြောင့် စစ်တွေတပ်နယ်ရှိ ပျက်စီးမှုဖြစ်ပေါ် ခဲ့သော စာသင်ကျောင်းများ၊ ဆေးရုံများအား ပြန်လည်ပြုပြင်ခြင်း ဆောင်ရွက်နေသည့် အခြေအနေများကို ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန် ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက် ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့တွင်လည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ တိမ်ကြားမင်းခေါင်ခန်းမ၌ ပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။





