မုန်တိုင်းဒဏ်သင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။
news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညို၊ ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီး ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ - ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြိုရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG နှင့် CRPH တို့၏ ညွှန်ကြားမှုဖြင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်းသံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများပျက်ပြားစေရန် ရည်ရွယ်၍နိုင်ငံတော်ပိုင်အဆောက် အဦများ၊ အများပြည်သူသွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။
မေ ၁၄ ရက်နေ့က တိုက်ခက်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကျ ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည် ဒေသများသို့ နိုင်ငံတော် စီမံအုပ်ချူပ်ရေးကောင်းစီအဖွဲ့ဝင် ကာကွယ်ရေးဦးစီချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချူပ်ကြီး မိုးမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် မေ ၂၀ ရက်တွင် သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသား စုဝင်များအားတွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများ တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများ၊ ထောက်ပံ့ရေးနှင့်ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် တပ်ဖွဲ့တင်ရေယာဉ် (ချင်းတွင်း) စစ်တွေမြို့သို့ရောက်ရှိ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာပစ္စည်းများအား သူရိယစန္ဒာဝင်း ကုမ္ပဏီပိုင် အရပ်ဘက်ရေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်
နေပြည်တော်၊ မေ - ၂၁
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည် နယ်၊ စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား လိုအပ်သည့် သဘာဝဘေး အန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် တပ်ဖွဲ့တင်ရေယာဉ်(ချင်း တွင်း)သည် မေလ ၁၉ ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၆၈၅ ဦး၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ အရပ်သားဝန်ထမ်း ၁၀၇ ဦးတို့နှင့် ကယ်ဆယ်ရေးသုံးပစ္စည်း များ၊ ရိက္ခာအမယ်စုံ၊ အထောက်အကူပြုပစ္စည်းများ၊ ဆန် ၂၀၀ အိတ်၊ ဆောက် လုပ်ရေးသုံးပစ္စည်းများ စုစုပေါင်း ၂၅ တန်ခန့်တို့အား တင်ဆောင်၍ ရန်ကုန်မြို့မှ ထွက်ခွာလာခဲ့ရာ ယနေ့ နေ့လည်ပိုင်းတွင် စစ်တွေမြို့၊ Essar တံတားသို့ ရောက်ရှိ ခဲ့ပြီး မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အရပ်သားဝန်ထမ်းများအပါအဝင် သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား တာဝန်ရှိသူ များထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများအား မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ မေ - ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲခူးမြစ်ကူးတံတား(သန်လျင် တံတားအမှတ်-၃)တည်ဆောက်ရေးစီမံကိန်းနှင့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ဝါဝါဝင်းစိုက်ပျိုး မွေးမြူရေးကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု သည်။

















































