news

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

သတင်းထုတ်ပြန်ချက် အမှတ် (၄/၂၀၂၂)

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမိန့်အမှတ် ၇၀/ ၂၀၂၂၊ ၇၁/ ၂၀၂၂၊ ၇၂/ ၂၀၂၂၊ ၇၃/ ၂၀၂၂ နှင့် ၇၄/ ၂၀၂၂ တို့ဖြင့် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် အလုပ်စခန်းအသီးသီးတို့တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၅၇၇၄ ဦးနှင့် အခြား အကျဉ်းသား ၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။ ထို့ပြင် အမှုဖွင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးကို ၎င်းတို့အပေါ် စွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား/ သူ ၄ ဦးတို့ကိုလည်း ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင် ဒဏ်ပေးခဲ့ပါသည်။ ဤကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လူသားချင်းစာနာ ထောက်ထားမှုဖြင့် ဆောင်ရွက်ပေးမှုသည် လျော်ကန်သင့်မြတ်သော လုပ်ဆောင်ချက်များ ဖြစ်ပါ သည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးမှုနှင့် ပတ်သက်သော ရည်ရွယ်ချက်ကို အမျိုးမျိုးဖော်ပြ ပြောဆို မှုများရှိသော်လည်း သက်ဆိုင်ရာ မိသားစုများအနေဖြင့် ယင်းတို့၏ မိသားစုဝင်များနှင့် ပြန်လည် ပေါင်းစည်းခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ကြရသည်မှာ အထင်အရှားပင် ဖြစ်ပါ သည်။

          နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး အကျိုးစီးပွားများ အတွက် နောင်အနာဂတ်တွင်လည်း အလားတူ အပြုသဘောဆောင်သောခြေလှမ်း လုပ်ဆောင်မှု များ ချမှတ်လုပ်ဆောင်နိုင်မည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါ သည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်

ဘားအံမြို့နယ်၊ မိကရင်ကျေးရွာနေ အပြစ်မဲ့ပြည်သူ ၅ ဦးအား PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက အကြောင်းမဲ့ လာရောက် ပစ်ခတ် သတ်ဖြတ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၈

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မိကရင်ကျေးရွာနေ အပြစ်မဲ့ပြည်သူများအား နိုဝင်ဘာ ၁၇ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းကြောင့် (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသား ၂ ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မိကရင်ကျေးရွာနေ ဒေါ်စန်းအေး၊ (၈)နှစ်အရွယ် သမီးဖြစ်သူ မခိုင်စံပယ်ခင်၊ (၁၀)နှစ်အရွယ်သမီးဖြစ်သူ မပြည့်ပြည့်ဖြိုး၊ သားဖြစ်သူ မောင်စောအောင်မြင့်ထွန်းနှင့် နေအိမ်သို့ အလည်အပတ်ရောက်ရှိနေသူ စောအောင်ကျော်မြင့်တို့သည် နေအိမ်၌ ရှိနေစဉ် ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက ကော့ဖျံတောင်ဘက်မှ မော်တော်ယာဉ် ၂ စီးဖြင့်ရောက်ရှိလာပြီး အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကာ လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုကဲ့သို့ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် မခိုင်စံပယ်ခင်၊ မောင်စောအောင်မြင့်ထွန်းနှင့် စောအောင်ကျော်မြင့်တို့မှာ အခင်းဖြစ်ပွားရာ နေရာ၌ပင် ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဒေါ်စန်းအေးနှင့် မပြည့်ပြည့်ဖြိုးတို့မှာ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင် သေဆုံးခဲ့သူများအား ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား  နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါး ကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများအား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်  နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ Sanit Petersburg ရှိ Leningrad  Nuclear Power Plant (NPP) ၊  Power Machines  နှင့် Konstantinovsky  Palace များသို့ သွားရောက်လေ့လာ

 နေပြည်တော်၊ နိုဝင်ဘာ   ၁၈

              ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်ရောက်ရှိနေသည့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၇ ရက်တွင်  Sanit Petersburg ရှိ Leningrad  Nuclear Power Plant (NPP) ၊  Power Machines  နှင့် Konstantinovsky  Palace များသို့ သွားရောက်လေ့လာကြသည်။

              ဉီးစွာ ပြည်ထောင်စုဝင်ကြီးများဖြစ်ကြသည့်  ဦးသောင်းဟန် နှင့် ဒေါက်တာမျိုးသိန်းကျော်  တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Leningrad  Nuclear Power Plant (NPP)  သို့ ရောက်ရှိကြရာ အစည်းဝေးခန်းမတွင် စက်ရုံမှူး Lavrentiyev Pavel နှင့်တာဝန်ရှိသူများက  စက်ရုံ၏ စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များ၊  Atomic Energy ကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာများ၊ ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နေမှုများ၊ နျူကလီးယား နည်းပညာများနှင့် ပါတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် အသုံးပြုဆောင်ရွက်နေမှုများ၊ နျူကလီးယားနည်းပညာကို သုတေသနလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ခြင်းများ စသောကဏ္ဍများစွာတွင် အသုံးပြု လျက်ရှိသည့် အခြေအနေများ၊ ပြည်ပရှိ Atomic Station များအား ထိန်းချုပ် ဆောင်ရွက်ပေးနေမှုများ၊ Leningrad Nuclear  Power Plant ( NPP )အနေဖြင့်  Sanit Petersburg  မြို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးနေသည့် အခြေအနေများ၊  နျူကလီးယားစွမ်းအင် အသုံးပြုဆောင်ရွက် နေမှုများ အပေါ် ဒေသခံပြည်သူများ ၏ ယုံကြည်စိတ်ချလက်ခံနိုင်မှုအခြေအနေများ၊  နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ် အားဖြင့် လူမှုဘဝအတွက်များစွာ အထောက်အကူ ပြုနေမှုများ၊  စက်ရုံဝန်းအတွင်း ရှိ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အဆိုပါ ဝန်ထမ်းများနှင့် မိသားစုများ အတွက် ပညာရေး၊ ကျန်းမားရေး စသည်ဖြင့် လိုအပ်သည်များစီမံ ဆောင်ရွက်ပေး ထားမှုများနှင့် သဘာဝပါတ်ဝန်းကျင်အား လုံခြုံစိတ်ချရမှုပိုင်းဆိုင်ရာများနှင့် ပါတ် သက်၍ ရှင်းလင်းတင်ပြကြသည်။

              ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးများက အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ပြန်လည်ပြောကြားပြီး ရုရှား - မြန်မာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် မည့် ကဏ္ဍများနှင့်ပါတ်သက်၍ဆွေးနွေကြပြီ သိရှိလိုသည်များ အသေးစိတ် မေးမြန်း ကြသည်။

              ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  စက်ရုံအတွင်း Water Water   Energetic Reactor (V.V.E.R) - 1200 ပါဝါယူနစ်၏  Block Control Panel လုပ်ငန်းဆောင်ရွက်မှုများ၊ တာဘိုင်ခန်းမ (Inspection of the turbine hall)  ၊ ထိန်းသိမ်း မောင်းနှင်ရေးခန်းမ နှင့် ဓာတ်အားပေးစက် (Generator)  လည်ပါတ်နေမှု များအား လှည့်လည်ကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များ မေးမြန်းကြရာ  သက်ဆိုင်ရာ ကဏ္ဍတစ်ခုခြင်းစီအလိုက် တာဝန်ရှိ သူများက လိုက်လံရှင်းလင်း ပြသ ကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။

              အဆိုပါ Leningrad (Newear Power Plant) NPP သည် Sanit Petersburg မြို့၏ အနောက်တောင်ဖက် ကီလိုမီတာ ၈၀ အကွာတွင်တည်ရှိပြီး 1000 MW အား ထုတ်လုပ်ပေးလျက်ရှိပြီး Sanit Petersburg မြို့၏ ဓာတ်အားသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက်ရှိသည်။  စက်ရုံစတင်လည်ပါတ်ခဲ့သည်မှာ နှစ် ပေါင်း ၄၉ နှစ်ကြာရှိပြီး အဆိုပါကာလအတွင်း ထိခိုက်မှုတစ်စုံတရာမျှမရှိပဲ ကောင်းစွာ လည်ပါတ်ခဲ့ပြီး ယခုချိန်အထိ သဘာဝ ပါတ်ဝန်းကျင်ရှိ ရေထု၊ လေထု အတွင်း မည်သည့် Radation မျှမရှိဘဲ သဘာဝအတိုင်း ပကတိတည်ရှိနေကြောင်း အမြဲ စမ်းစစ်လေ့လာမှုများအရသိရသည်။ ထို့ပြင် 1200 MW နှစ်လုံးကိုလည်း တိုးချဲ့ ဆောင်ရွက်ထားရှိကြောင်းသိရသည်။

              ဆက်လက်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းဟန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်  Power Machines ကုမ္ပဏီ၏ Leningrad  Metal Machine စက်ရုံသို့သွားရောက်လေ့လာကြရာ စက်ရုံမှ ဒုတိယစက်ရုံမှူး Ivan Grosse မှ စက်ရုံဆိုင်ရာများနှင့်ပါတ်သက်၍ ရှင်းလင်းတင်ပြပြီး သိရှိလိုသည်များအသေးစိတ် မေးမြန်းပြီး  စက်ရုံအတွင်း ဓာတ်အားပေးစက်များ ထုတ်လုပ်နေမှုများကိုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြ သည်။

              အဆိုပါ Power Machines ကုမ္ပဏီသည် ရေအားနှင့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား‌ပေးစက်ရုံများတွင် အသုံးပြုလျက်ရှိသော Turbine များကို အဓိက ထား ထုတ်လုပ်လျက်ရှိသည်။ ကုမ္ပဏီအား ၁၉၄၂  မှ စတင်လည်ပါတ်ခဲ့ပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံကိုလည်း လိုအပ်သော ဓာတ်အားပေးစက်များ ထုတ်လုပ် ရောင်ချ ပေးလျက်ရှိသည်။ ကမ္ဘာ့အဆင့်တွင် စတုတ္ထမြောက် အကြီးမားဆုံး ထုတ်လုပ်သော ကုမ္ပဏီဖြစ်ပြီး ရုရှားနိုင်ငံ၏ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများ၏  တပ်ဆင် အသုံးပြုလျက်ရှိသော စက်များ၏ ၇၀ ရာခိုင်နှုန်းကို Power Machines မှ ထုတ်လုပ် ပေးထားကြောင်းသိရသည်။ နည်းပညာပိုင်းအကူအညီနှင့်  Design များ ဆောင်ရွက်  ပေးခြင်း နှင့် ဓာတ်အားပေးစက်များတပ်ဆင်ခြင်းအတွက် အကြံဉာဏ်ပေးခြင်း၊ ဖြစ်ပေါ်လာသည့် အခက်အခဲများအား ကူညီဖြေရှင်းပေးခြင်း များကို အဓိက ထားဆောင်ရွက်ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံ အတွင်း အလားအလာကောင်းများရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများတွင် ပူးပေါင်း ဆောင် ရွက် နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

              အလားတူ  သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည်  Konstantinovsky  Palace သို့ သွားရောက်၍  နန်းတော်အတွင်းရှိ ပြခန်းများအားကြည့်ရှု လေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့က ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်  နိုဝင်ဘာ ၁၈

          ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူ့ဆေးရုံ၌ အခြေပြု၍ ဒေသခံပြည်သူ ၂,၀၁၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၃၃ ဦး၊ ခွဲစိတ်ရောဂါ ၃၁ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၉၂ ဦး၊ အရိုးရောဂါ ၂၇၆ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၆၇ ဦး၊ မျက်စိရောဂါ ၄၈၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၆၉ ဦး၊ စုစုပေါင်း ၂,၀၁၂ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၅ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး၊ ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ အာထရာ ဆောင်းဖြင့်စမ်းသပ်စစ်ဆေးလူနာ ၅၈ ဦး၊ ECG ဖြင့်နှလုံးစမ်းသပ်လူနာ ၆၇ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၆၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင် ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာတပ်မတော် ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ သည်။

          ၎င်းအပြင် ငရုတ်ကောင်းမြို့၊ ပြည်သူ့ဆေးရုံ၌ တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့မှ  သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူး ခန့်မင်းညို ဦးဆောင်ပြီး ငရုတ်ကောင်းမြို့၊ မိုးတိမ်ပြင်ကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာနေ ဦးဝေသူအောင်၏ ဇနီးဖြစ်သူ ဒေါ်ဝင်းဖန့်သူကို ခွဲစိတ်မွေးဖွားပေးခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၁ မိနစ်ခန့်တွင် သမီးမိန်းကလေး တစ်ဦး(၇ ပေါင် နှင့် ၇ အောင်စ)ကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး သမီးငယ် သံလွင်မေဦးဟု အမည်ပေးခဲ့ကာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်က ပေးအပ်သည့် ထောက်ပံ့ငွေနှင့်လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးမှ ကိုယ်စားပေးအပ်ခဲ့သည်။ အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ပထမဦးဆုံးမွေးဖွားပေးခဲ့သည့် ကလေး ငယ် ဖြစ်ပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)၏ ဆေးကုသပေးမှုသမိုင်း မှတ်တမ်းတွင် ၁၇ ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၁၈

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်နေ ကျော်စွာဝင်းသည် ၎င်းအသုံးပြုသည့် “Kyaw Swar Win” Facebook အကောင့်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ နန်းတော်ရာရပ်ကွက်နေ ဝင်းညွန့်သည် ၎င်းအသုံးပြုသည့် “U Win Nyunt (မေတ္တာစမ်းရေ)” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းမီဒီယာများ နှင့် တွေ့ဆုံ၍ (၂၁) ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏  (၂၁) ကြိမ် မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်း ထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။

          ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက   နိုင်ငံတော်အစိုးရအနေဖြင့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူး ဆောင်တံဆိပ်များချီးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပြစ်ဒဏ်ကျခံနေရသူများကို ပြစ်ဒဏ် များမှ ဖြေလျော့သက်ညှာစွာ ဆောင်ရွက်ပေးမှုကိစ္စရပ်များ၊ အာဆီယံအဖွဲ့ကြီးနှင့် ဆက်စပ်ကိစ္စရပ်များ၊ ဘဏ္ဍာရေးနှင့်ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စများ နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို Green City ၊ Clean City ၊ Smart City ဖြစ်စေရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နေမှုဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်ကိစ္စရပ်များနှင့် စပ်လျဉ်း၍   PowerPoint  Presentation များ၊ Video ဖိုင်များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး က  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သတ်ကျူးလွန်ခဲ့ကြသူများကို အရေးယူဆောင် ရွက်မှုအခြေအနေများ၊ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြုစုခြင်း၊ စိစစ်ခြင်းနှင့် မဲရုံနှင့် မဲရုံသုံးပစ္စည်းများ လျာထားတွက်ချက်ဆောင်ရွက်မှုအခြေအနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ PowerPoint  Presentation များဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

          အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်းထောက်များ လာရောက်သတင်းရယူခဲ့ကြကြောင်းနှင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်း ဖြေကြားမှုအပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

AA အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့အပါအဝင် ၁၀ ဦးသေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့

နေပြည်တော်၊ နိုဝင်ဘာ - ၁၇

          ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာရှိ နယ်မြေခံရဲကင်း စခန်းအား နိုဝင်ဘာ ၁၆ ရက်တွင် AA အဖွဲ့မှ အင်အား ၂၀ ဦးခန့်က လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောင်းဒုံးကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ဒေသခံတိုင်းရင်းသား ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။

          ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက်  နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် လုံခြုံရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကြိမ်ချောင်းကျေးရွာ နယ်မြေခံရဲကင်းစခန်းအား AA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နယ်မြေခံရဲကင်းစခန်းအနီးရှိ လယ်ကွင်းသို့ လက်နက်ကြီး ၃ လုံး၊ လောင်းဒုံ(မြို) ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၃ လုံးကျရောက်ပေါက်ကွဲခဲ့သည်။

          AA အဖွဲ့၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် လောင်းဒုံ(မြို)ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည် ၃ လုံးသည် ၎င်းကျေးရွာနေ ဦးဆော်မလုံး၏ သား အမည်ပေး ကင်းပွန်းတပ်ပွဲကျင်းပ ပြုလုပ်နေသည့် နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးတို့အပါအဝင် အမျိုးသား ၉ ဦး၊ အမျိုး သမီး ၁ ဦး၊ စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၄ နှစ်အရွယ် ကလေးငယ် ၃ ဦး၊ အသက် ၅ နှစ်အရွယ် ကလေးငယ် ၃ ဦး တို့ အပါအဝင် အမျိုးသား၂၁ ဦး၊ အမျိုးသမီး ၃ ဦး ၊ စုစုပေါင်း ၂၄ ဦးတို့တွင် လက်နက်ကြီး အစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။

          အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ ဒေသခံတိုင်းရင်းသား ပြည်သူများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ဆေးကုသနိုင်ရေး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျေးရွာပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်  နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့

မော်စကိုမြို့ရှိ   Rosatom လက်အောက်ရှိ (Electric Vehicles and Energy  Storage Systems ) Battery ထုပ်လုပ်သည့် RENERA ကုမ္ပဏီသို့ သွားရောက်လေ့လာ                                               

နေပြည်တော်၊ နိုဝင်ဘာ   ၁၇

              ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိူဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့ရှိ  Rosatom လက်အောက်ရှိ (Electric Vehicles and Energy  Storage Systems ) Battery ထုပ်လုပ်သည့် RENERA ကုမ္ပဏီသို့ သွားရောက် လေ့လာကြသည်။

              ဉီးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် ဒေါက်တာမျိုးသိန်းကျော်  တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Rosatom လက်အောက်ရှိ (Electric Vehicles and Energy  Storage Systems ) Battery ထုပ်လုပ်သည့် RENERA ကုမ္ပဏီမှ ထုတ်လုပ်ထားသော Enrergy Storage System (Commercial power management modula) များအားကြည့်ရှုလေ့လာကြပြီး သိရှိလိုသည်များအား အသေးစိတ် မေးမြန်း ကြသည်။

              ထို့နောက် အစည်းဝေးခန်းမတွင် Director of Business Development ဖြစ်သူ Natalia G. Leonteva  က စက်ရုံ၏သမိုင်းအကျဉ်း၊ ပြည်ပနိုင်ငံမျာနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ Lithiun Iron အားအခြေခံ၍  Battery ထုတ်လုပ် ဆောင်ရွက်နေမှုများ၊ စက်ရုံအနေဖြင့် လျှပ်စစ်မော်တော်ကားများ တိုးချဲ့ ထုတ်လုပ်ရန် စီစဉ်ထားရှိမှုများ၊ ၂၀၂၄ ခုနှစ်တွင် 4 GW အထိ ထုတ်လုပ်ရန် ရည်ရွယ် ဆောင်ရွက် နေမှုများ၊ စက်ရုံများမှထုတ်လုပ်လျက်ရှိသည့် Battery များအား အသုံးပြုနေမှု ဆိုင်ရာများ၊   Battery များ၏ စွမ်းအင်သိုလှောင် သိမ်းဆည်းမှုနှင့် လုံခြုံ စိတ်ချမှု ပိုင်းဆိုင်ရာများ၊  နေရောင်ခြည်စွမ်းအင် နှင့် လေအားလျှပ်စစ် စသည်တို့မှ ရရှိသည့် လျှပ်စစ်ဓာတ်အားများအား Energy Storage System (ESS) ဖြင့် တွဲဖက်အသုံးပြုမှု စနစ်များ၊ ESS များ၏ စွမ်းဆောင်နိုင်မှုအရ ဓာတ်အားအများအပြား အသုံးပြု ဆောင်ရွက်နေသော စက်ရုံအလုပ်ရုံများတွင် စွမ်းအင်အားအကျိုးရှိစွာ အသုံးပြုနိုင်မှု နှင့် တည်ငြိမ်စွာ အသုံးပြုနိုင်မှုများ၊ စက်ရုံထုတ် Battery များဖြင့်  စက်မှုလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊  လျှပ်စစ်ကားများ စသည်တို့၌ တွင်ကျယ်စွာ အသုံးပြုလျှက် ရှိသည့် အခြေအနေများအား  ပါဝါပွိုင်များဖြင့် ရှင်းလင်းတင်ပြသည်။

              ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးများက ယခုကဲ့သို့ အလေး ထား ရှင်းလင်းပြောကြားမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားပြီး  မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသည့်   လျှပ်စစ်ပိုင်းဆိုင်ရာများနှင့် စက်မှုလုပ်ငန်းများတွင် လာရောက်ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် ရင်းနှီးမြုပ်နှံနိုင်မှုဆိုင်ရာကိစ္စရပ်များ အပါအဝင် အခြားကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ဆွေးနွေးကြသည်။

              မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပိုင်းတွင် Renewable Energy အဖြစ် ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိသော နေရောင်ခြည်နှင့် လေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံများအတွက် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ဓာတ်အားတည်ငြိမ်စွာ ဖြန့်ဖြူးဆောင်ရွက်ရာတွင် Lithiun Iron  ကို အခြေခံ၍ ဆောင်ရွက်ထားသော Energy Storage Systems(ESS) မှာ အထူးလိုအပ်သောစနစ်တစ်ခုဖြစ်သည်။ ထို့ပြင် နိုင်ငံတောင်၏ ရည်မှန်းချက် ဖြစ်သော လျှပ်စစ်သုံးမော်တော်ယာဉ်များ (Electric Vehicles – EV) အသုံးပြု ဆောင်ရွက်နိုင်ရေးတွင်လည်း မော်တော်ယာဉ်၏ အဓိက အစိတ်အပိုင်းဖြစ်သော Battery မှာ  Lithiun Iron  ဖြင့်ဆောင်ရွက်ခြင်းဖြင့် Battery ၏ သက်တမ်းနှင့် စွမ်းဆောင်နိုင်မှုမှာ များစွာမြင့်မားကြောင်း သိရှိရသဖြင့်  ရုရှား- မြန်မာ နှစ်နိုင်ငံ လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ ချစ်ကြည်ရင်းနှီးစွာပူးပေါင်း ဆောင်ရွက်ရာတွင်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။

              ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် နေ့လယ်ပိုင်း တွင်  Leningradskiy မီးရထားဘူတာရုံမှ တဆင့် Speed train 772 A အမြန် ရထားဖြင့် Saint Petersburg သို့ ဆက်လက်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၁၇

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ဝဲကြီးကျေးရွာနေ ဗိုလ်ဗိုလ်ဝင်းသည် ၎င်းအသုံးပြုသည့် “Bo Bo Win” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ကောင်းဇော်ထွန်းသည် ၎င်းအသုံးပြုသည့် “Kaung Zaw Htun” Facebook အကောင့်၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်၊ သိမ်ဇရပ်မြို့၊ အမှတ်(၄)ရပ်ကွက်နေ သန္တာလှိုင်သည် ၎င်းအသုံးပြုသည့် “Thandar Thandar” Face book အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ ရပါသည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၁၇                                          

            ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ(Sinekalone Shutter)တွင် အခြေပြု၍ ဒေသခံပြည်သူ ၂၉၀ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

            ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၇ ဦး၊ ခွဲစိတ်ရောဂါ ၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၇ ဦး၊ ကလေးရောဂါ ၂၆ ဦး၊ အရိုးရောဂါ ၈၆ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၇ ဦး၊ စုစုပေါင်း ၂၉၀ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင်   အာထရာ ဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄ ဦးနှင့် ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၆ ဦး တို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကု သရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။