ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နှင့် အဖွဲ့ဝင်များ ပုဏ္ဏားကျွန်းမြို့ရှိ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ ၊ မုန်တိုင်းဒဏ်သင့်ပြည်သူများအားတွေ့ဆုံ၊ စားသောက်ဖွယ်ရာများ နှင့် ထောက်ပံ့ငွေများပေးအပ်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ဇွန် - ၅
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် တိုးရီ တို့က ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်း များတွင် ဒေသအလိုက်တာဝန်ပေးအပ်ထားသူများနှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်း နှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ ဒံပေါက်ထမင်းဘူး များနှင့် ထောက်ပံ့ငွေများပေးအပ်သည်။












