နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ရှင်များအား မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
news
တန်ဆောင်မုန်းလပြည့်နေ့(သာမညဖလအခါတော်နေ့)တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌ မီးရှူးမီးပန်းများ ပစ်ဖောက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာချက်
နေပြည်တော်၊ နိုဝင်ဘာ - ၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်တွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး အနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌ ည ၇ နာရီမှစ၍ FIREWORK အမျိုးအစား မီးရှူးမီးပန်းများအား ပစ်ဖောက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါမီး ရှူးမီးပန်းပစ်ဖောက်မှုများကို အများပြည်သူများအနေဖြင့် လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ရှင်များအား ထားဝယ်မြို့၊ မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်း ရှင်များအား ထားဝယ်မြို့၊ မြို့နယ်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် Jeng Phang နော်တောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အနောက်မြောက်ဘက်(၁၇)မိုင်ခန့်အကွာ နဘူးလယ်ဒေသရှိ ထားဝယ်အထူးစီးပွား ရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းလျာထားမှုများကို သွားရောက်ကြည့်ရှု စစ်ဆေး သည်။
တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသ ကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲ့ကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ယနေ့တွင် ကိုကိုးကျွန်းရှိ ဒေသခံပြည်သူ ၁၀၃ ဦးအား ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ပေးသည်။
၂၀၂၂ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်၊ ယနေ့ညနေပိုင်း၌ ပြင်ဦးလွင်မြို့၊ ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျှက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး(ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးပုံးပျံပညာရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ တက်ရောက်ကြသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ဂန်ရွာသစ်၊ အကွက်အမှတ်(၈၆၈)၌ နိုဝင်ဘာ ၃ ရက် ညနေပိုင်းတွင် မီးစတင်လောင် ကျွမ်းခဲ့ပြီး ပတ်ဝန်ကျင်နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၄၂ လုံး မီးလောင်ကျွမ်းပျက်ဆီးဆုံးရှုံးခဲ့သဖြင့် မီးဘေးသင်ပြည်သူများအား ထောက်ပံ့ ငွေ၊ အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေလယ်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ စွန်နတ်ဂျမာအပ်ဗလီ၌ ပြုလုပ်ရာ တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၌ ဒေသခံပြည်သူ ၃၀၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၂၁၅၄ ဦး၊ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့၌ ဒေသခံပြည်သူ ၂၁၃ ဦးနှင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၁၂၆၆ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။