တောင်ကြီးမြို့၊ ဗထူးတပ်မြို့၊ မုံရွာမြို့နယ်၊ ခန္တီးမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့ရှိ ဆရာတော်၊ သံဃာတော်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ၂၀၂၃ စက်တင်ဘာ - ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်း ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။









































