ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၂၆ / ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ နယုန်လပြည့်ကျော် ၃ ရက်
( ၂၀၂၃ ခုနှစ် ၊ ဇွန်လ ၅ ရက် )
ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ (၁၀)ရပ်ကွက်၊ ချယ်ရီလမ်း၊ အမှတ် (၁၀/၆၄) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (Danu National Democracy Party) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

































