ကြေညာချက်အမှတ် ( ၅၁ / ၂၀၂၃ ) ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ [THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

Wednesday, November 29, 2023 - 17:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၅၁ / ၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော်  ၂  ရက်

( ၂၀၂၃ ခုနှစ် ၊  နိုဝင်ဘာလ  ၂၉  ရက် )

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ

[THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ကို

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)၊ ရွှေနှင်းဆီလမ်း၊ အခန်း (၀၀၂)၊ တိုက် (၁၀)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော  ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ [THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

              ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ [THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ၏ မှတ်ပုံတင်အမှတ်မှာ ( ၄၄ ) ဖြစ်ပါသည်။

 

                                     

( ပုံ ) သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်