ကျွန်တော်နိုင်ငံအနေနဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ် ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံမှုရှိစေရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ ဒီနေ့မှာတော့ နယ်စပ်ဒေသမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၇၇ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ စုစု ပေါင်း ၁၁၂၆၀ ဦးဖြစ်ပါတယ်။ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းပြောကြားချင်ပါတယ်။
ဒီနေ့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအနေနဲ့ကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ နန့်ခမ်းမှာထိတွေ့တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ လောက်ကိုင်ရဲ့တောင် ဘက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးဘက် မှာတော့ ခမ်းပါတ်၊ ခမ်းပါတ်ကတော့ ယခင်ကလည်း သတင်းထုတ်ပြန်ခဲ့တဲ့ အထဲမှာပါ ပါတယ်။ အဲဒီမှာရှိနေတဲ့ အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ခမ်းပါတ်မြို့ကို ထိန်းချုပ်နိုင်ပြီဆိုတဲ့ဟာမျိုးပြောခဲ့တာရှိပါတယ်။ ခမ်းပါတ်မှာ တော့ တပ်မတော်အနေနဲ့ လုံခြုံရေးဆောင်ရွက်လျက်ရှိပါတယ်။ အဲဒီမှာတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိပါတယ်။ ရန်သူ့ဘက်က အလောင်းလက်နက်ရရှိမှု များရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာတော့ နုန်းဘူးမှာထိတွေ့တိုက်ပွဲအနည်း ငယ် ရှိပါတယ်။ တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ အကြမ်းဖက်သောင်း ကျန်းသူများ ဆောင်ရွက်နေတဲ့ အကြမ်းဖက်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့် စေရေး၊ အကြမ်းလုပ်ရပ်များနဲ့ပတ်သက်ပြီးအမြန်ဆုံးချုပ်ငြိမ်းစေရေး ဦးစား ပေးဆောင် ရွက်လျက်ရှိကြောင်းပြောကြားလိုပါတယ်။
မနေ့က ဗဟိုဘဏ်ကထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားငွေ၊ သုံးငွေ ရောင်းဝယ် ဖောက်ကားတဲ့လုပ်ငန်း AD လိုင်စင်ရဘဏ်များမှာ အရောင်းအဝယ် ပြုလုပ် ရာမှာ ငွေလဲလှယ်နှုန်းကို ယခင်ကလို ဗဟိုဘဏ်က သတ်မှတ်မှာမဟုတ်ဘဲ နဲ့ ဈေးကွက်အတွင်းမှာ နိုင်ငံခြားငွေရောင်းချလိုသူနဲ့ ဝယ်ယူလိုသူတွေရဲ့ငွေ လဲလှယ်နှုန်းအပေါ် မူတည်ပြီး Market Rate အတိုင်းဆောင်ရွက် မယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ရှိပါတယ်။ ဒီထုတ်ပြန် ကြေညာချက်နဲ့ ပတ်သက်ပြီးပဲ ဖြစ်ဖြစ်၊ ဆီကိစ္စတွေနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ် မီဒီယာများက မေးမြန်းလာတာ တွေရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ယခင်တုန်းကလည်း ဖြေလျှော့တဲ့အချိန်တိုင်း အချိန်တိုင်းမှာပြောကြားခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာ ဖြေလျှော့မှုက နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက ပြောကြားခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး၊ ပြီးရင် Cabinet နိုင်ငံတော်အစိုးရရဲ့အစည်းအဝေးတွေမှာ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ Export သမားတွေနဲ့ပတ်သက်တဲ့ဟာတွေ၊ နိုင်ငံတော်ရဲ့ထုတ်ကုန်တိုးမြှင့်ရေးနဲ့ပတ် သက်တဲ့ဟာတွေပြောကြားခဲ့ပြီးဖြစ်တယ်။ Export သမားတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ကြိုးစားမှု၊ သူတို့ရဲ့လုပ်ဆောင်ပေးမှုအပေါ်မူတည်ပြီး ကျွန်တော်တို့ အနေနဲ့ အကျိုးခံစားခွင့်ရရှိအောင်လုပ်ဆောင်တယ်ဆိုတာမျိုး ပြောကြားခဲ့တာ ရှိပါတယ်။ ဒီနေ့မှာလည်း ပို့ကုန်တင်ပို့သူများရဲ့ ပို့ကုန်တင်ပို့ခြင်းမှရရှိတဲ့ ပို့ကုန်ရငွေရဲ့ ယခင်တုန်းက စစချင်းမှာတော့ ၃၅/၆၅ ရာခိုင်နှုန်းပေါ့။ ပြီးတော့ ၅၀/၅၀ ရာခိုင်နှုန်းသတ်မှတ်လိုက်တယ်။ ဒီနေ့မှာတော့ ပို့ကုန်တင်ပို့ခြင်းမှရရှိတဲ့ ပို့ကုန်ရငွေပမာဏရဲ့ ၅၀ ရာခိုင်နှုန်းအစား ၃၅ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က သတ်မှတ်ညွှန်ကြားထားတဲ့အတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက် ရမှာဖြစ်ပါ တယ်။ ဒါဟာ လွန်ခဲ့တဲ့ရက်ပိုင်းကတည်းကတိုင် နိုင်ငံတော်ဝန်ကြီးချုပ်ပြောခဲ့တဲ့ အတိုင်းထပ်မံပြီးဖြေလျှော့ပေးတာဖြစ်ပါတယ်။ အဲဒီမှာ ဖြေလျှော့မှုနှစ်ခုလုပ်ခဲ့ ပါတယ်။ ဖြေလျှော့မှုနှစ်ခုကတော့ မနေ့က ထုတ်ပြန်ခဲ့တဲ့ AD လိုင်စင်ရဘဏ်များ ရဲ့နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီးတော့ ရောင်းလိုသူ/ဝယ်လိုသူတွေရဲ့တင်သွင်းတဲ့ ငွေလဲလှယ်နှုန်းပေါ်မှာမူတည်ပြီး လွတ်လပ်စွာဆောင်ရွက်နိုင်ဖို့ ထုတ်ပြန်ခဲ့တယ်။ ဒီနေ့မှာတော့ ပို့ကုန်တင်ပို့သူ များအတွက် ပို့ကုန်ရငွေရဲ့ပမာဏ ယခင်တုန်းက ၅၀ ရာခိုင်နှုန်းကို နိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်ညွှန်ကြားတဲ့ မြန်မာကျပ်ငွေနဲ့လဲရပြီး အခု ၃၅ ရာခိုင် နှုန်းသာလဲရမှာဖြစ်ပါတယ်။ ၅၀ ရာခိုင်နှုန်းကို လွတ်လပ်စွာဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မီဒီယာကလည်း မေးပါတယ်။ ဒါတွေဟာ ဘာကြောင့်လုပ်တာလဲ။ နံပါတ်တစ်က လုပ်ရတဲ့အကြောင်းကတော့ ဖြေလျှော့ ခြင်းဖြစ်ပါတယ်။ နံပါတ်နှစ်ကတော့ ကျွန်တော်တို့နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆို ရင် ကုန်ထုတ်လုပ်မှုကို နံပါတ်တစ်အားပေးရမယ်။ နံပါတ်နှစ်က ပို့ကုန်ပမာဏ ပိုပြီးမြင့်တက်လာရမယ်။ ပို့ကုန်ပမာဏ ပိုပြီးမြင့်တက်လာဖို့ ပြီးရင် ထုတ်ကုန် ပစ္စည်းများပို့ကုန်တင်ပို့နိုင်ဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းများ ကို မြှင့်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီးဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခြေအနေမှာတော့ ဘယ်နေရာတွေမှာ အကျိုးသက်ရောက် သလဲဆိုရင် Import ကိစ္စတွေမှာ အကျိုးသက်ရောက်မှုအနည်းငယ်ရှိပါလိမ့်မယ်။ အထင်ရှားဆုံးပြောရလျှင် စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိပါလိမ့် မယ်။ ဒီအကျိုးသက်ရောက်မှုဟာ ခဏတာပဲဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး စက်သုံးဆီတင်သွင်းရ မယ့်လိုအပ်တဲ့ပမာဏ ကျွန်တော်တို့နိုင်ငံမှာ တင်သွင်းဖို့အတွက် အသင့် ရှိပါတယ်။ တင်သွင်းဖို့အတွက်ရောက်ရှိနေတဲ့ သင်္ဘောများလည်းရှိပြီးဖြစ်ပါတယ်။ သို့သော် ဒီမူဝါဒအပြောင်းအလဲကို ဆောင် ရွက်တဲ့အချိန်မှာတော့ ခုနကပြောတဲ့ Export ပို့တဲ့လူတွေကနေ ပြန်ဝင်လာမယ့် ငွေတွေ၊ ပြီးရင် ပြည်ပထွက်တဲ့အလုပ်သမား တွေဆီကပြန်ဝင်လာမယ့်ငွေတွေ၊ တရားမဝင် ဟွန်ဒီလုပ်ငန်းတွေဆောင်ရွက်ထားတဲ့ငွေများသည် incentive ရှိတဲ့အတွက်ကြောင့် အကျိုးခံစားခွင့်ရှိတဲ့အတွက် ပိုမိုဝင်ရောက်လာမှာဖြစ်ပါ တယ်။ ပိုမိုဝင်ရောက်လာတာတဲ့အမျှ ဈေးကွက်လည်းသူ့အလိုလိုထိန်းညှိပြီးဖြစ် တယ်လို့ ကျွန်တော့်အနေနဲ့ သတင်းကောင်းပါးလိုပါတယ်။ အားလုံးကိုကျေးဇူး တင်ပါတယ်။