၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ၂နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၄ခုနှစ်၊ (၇၆)နှစ် မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေး ဉီးစီးချုပ်ရုံး(ကြည်း)မှတပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဆပ်ကော်မတီများမှ အတွင်းရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် (၇၆) နှစ်မြောက် လွတ်လပ်ရေး နေ့ကျင်းပရေးကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးဖြစ်ကြောင်း၊ ပထမအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ဆပ်ကော် မတီများက လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြခဲ့ကြပြီး လိုအပ်ချက်များကိုလည်း ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ဖိတ်ကြားရေး၊ ပိုစတာဆိုင်းဘုတ်စိုက်ထူရေး၊ အလံတင်အခမ်းအနားကျင်းပရေး၊ သဝဏ် လွှာဖတ်ကြားခြင်း၊ ညစာစားပွဲ အတွက်ဖိတ်ကြားခြင်း၊ ဧည်ခံကျွေးမွေးခြင်းနှင့် အခမ်းအနားကျင်းပမည့် အစီအစဉ်များကို နိုင်ငံတော်ဝန်ကြီးချုပ်၏ အတည်ပြုချက်ကို ရယူပြီးဖြစ်ကြောင်း။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပရေးနှင့် လူငယ်နှင့် စာပေ အနုပညာပွဲတော် ကျင်းပဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြအတည်ပြု ရန်လိုကြောင်း၊ အခမ်းအနားကျင်းပရန် ၂၇ ရက်သာ လိုအပ်သည့်အတွက် လစ်ဟာမှု မရှိအောင် အသေးစိတ်ပြင်ဆင် ဆောင်ရွက်ထားကြရန်လိုကြောင်း၊ လုံခြုံရေးနှင့် စပ်လျဉ်းပြီး မူလစီမံချက်အပြင် လူတစ်ဦးချင်းလုံခြုံရေး၊ နယ်မြေလုံခြုံရေးနှင့် အခမ်း အနားတစ်ခုလုံး လုံခြုံရေးကိစ္စရပ်များကို အသေးစိတ်စိစစ် ကြပ်မတ်ဆောင်ရွက်သွားကြ ရန်လိုကြောင်း၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးအခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ဆပ်ကော်မတီများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဖြည့်ဆည်းပေးရမည့် ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြ ဆပ်ကော်မတီ၊ နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေးဆပ် ကော်မတီ၊ မီးရှူးမီးပန်းများပစ်ဖောက်ရေးဆက်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော် မတီ၊ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေးကော်မတီ တို့က ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ၂၀၂၄ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟို ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။