ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီး နေပြည်တော်၊ ၂၀၂၃၊ ဒီဇင်ဘာ - ၂၇

Wednesday, December 27, 2023 - 15:00

          ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းရှိ နေအိမ်များအား KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်ဆီးသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၂၆ ရက်ညနေ ၃ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက်အတွင်းသို့ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရောက်ရှိလာပြီး လူနေအိမ် များအား မီးရှို့ဖျက်ဆီးကာ အဆိုပါရပ်ကွက်၏ မြောက်ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း နှင့်  မီးလောင်မှုကြောင့် နေအိမ် ၁၂ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ သည်။

          ယနေ့ ညနေ ၄ နာရီခန့်တွင်လည်း KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့သည် အဆိုပါရပ်ကွက်အတွင်းရှိ လူနေ အိမ်များအား ထပ်မံမီးရှို့ဖျက်ဆီးသွားခဲ့ရာ နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ ကြောင်းသိရှိရသည်။

အလားတူ KKO(ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများ ပူးပေါင်း အဖွဲ့အနေဖြင့် ဒီဇင်ဘာလ ၂၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် လည်း ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်အတွင်းရှိ နေအိမ် ၁၆ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ၎င်းသတင်းအား ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အိုးမဲ့အိမ်မဲ့ဖြစ်အောင် နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဒေသခံပြည်သူ များမှ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။